တနင်္သာရီတွင် သုံးဘီးမောင်းလိုင်စင် လာလုပ်သူမရှိသလောက်နည်း

0
449

ယာဉ်မောင်းလိုင်စင်ဖြင့် စနစ်တ ကျ မောင်းနှင်ပြေးဆွဲလာစေရန် သုံးဘီး ဆိုင်ကယ် မောင်းနှင်သူများအတွက် သုံး ဘီးမောင်း (ဟ) လိုင်စင်ကို ဒီဇင်ဘာလ ဆန်းကစပြီး ပြုလုပ်ပေး နေသော်လည်း ဒီဇင်ဘာလလယ်အထိ ၃ ဦးခန့်သာ လာ လုပ်သေးကြောင်း တနင်္သာရီ တိုင်းဒေသကြီး ကုန်လမ်း ပို့ဆောင်ရေး ညွှန်ကြားမှူး ဦးစီးဌာန (ကညန)ထံမှ သိရသည်။

သုံးဘီးဆိုင်ကယ်များသည် တန င်္သာရီတိုင်းတွင် ဒေသတွင်း သွားလာပို့ ဆောင်ရေးတွင် တွင်ကျယ်စွာ အသုံးပြု ကြသည်။ ယခင်က သုံးဘီးယာဉ်မောင်း လိုင်စင် (ဟ) ဟူ၍ သီးခြားမရှိဘဲ ကား မောင်း လိုင်စင်ဖြစ်သည့် (ခ)လိုင်စင် ဖြင့်သာ မောင်းနှင်နေကြသည်။
“လာမလုပ်ကြသေးတာက လုပ်လို့ ရမှန်း ပေါ်ပေါ်တင်တင် မသိကြသေးလို့ ဖြစ်မယ်ထင်တယ်”ဟု အထက်ပါ ဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။

သုံးဘီးယာဉ်မောင်း အများစုမှာ (ဟ)လိုင်စင်လုပ်ပေးနေသည်ကို မသိ ကြသည့်အတွက် သွားမလုပ်ဖြစ်ကြဟု ထားဝယ်မြို့ စည်ပင်သာယာဈေးကြီး အနီးတွင် ဂိတ်ထိုးပြေးဆွဲနေသည့် သုံး ဘီးယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးမျိုးလတ် က ဆိုသည်။
ထို့ကြောင့် လိုင်စင်လုပ်ပေးနေ သည်ကို ယာဉ်မောင်းများ သိရှိစေရန် ကျယ်ကျယ်ပြန့်ပြန့် ကြေညာပေးသင့် ကြောင်း ဦးမျိုးလတ်က အကြံပြုသည်။
“လိုင်စင်လုပ်ပေးနေပြီဆိုတာ သိရင် သုံးဘီးယာဉ်မောင်း အတော်များ များ သွားလုပ်ကြမှာပဲ၊ အခုက သတ် မှတ်ထားတဲ့ လိုင်စင်မဟုတ်တော့ အဖမ်းခံရမှာလည်း စိုးရိမ်နေရတယ်”ဟု ၎င်းက ပြောသည်။

သုံးဘီးယာဉ်မောင်းအချို့မှာ ဆိုင် ကယ်မောင်းလိုင်စင်ဖြစ်သည့် (က)လိုင် စင်ဖြင့်သာ မောင်းနှင်နေကြပြီး (ခ)လိုင် စင် ပြုလုပ်ရန် ကားမမောင်းတတ်သည့် အတွက် လိုင်စင်အတွက် ကျွမ်းကျင် တတ်မြောက်မှု လက်တွေ့ဖြေဆိုရာတွင် အခက်ခဲများ ရှိသည်။
သုံးဘီးဆိုင်ကယ်မောင်းသည့် (ဟ) လိုင်စင်လုပ်မည်ဆိုပါက (သ) သင်မောင်းလိုင်စင် /(က) ဆိုင်ကယ် မောင်းလိုင်စင် ကိုင်ဆောင်သည့် အချိန် အနည်းဆုံး ၃ လပြည့်ရမည်ဖြစ်ပြီး သုံးဘီးဆိုင်ကယ်ကို တစ်ပါတည်း ယူလာရမည်ဖြစ်ကြောင်း ကညန တိုင်းဦးစီးမှူး ဦးထင်ပေါ်က ဆိုသည်။
သုံးဘီးမောင်း (ဟ) လိုင်စင်လုပ် ရန်အတွက် ဖြေဆိုရာတွင် ကားမောင်း လိုင်စင်(ခ)ဖြေဆိုသကဲ့သို့ပင် ဖြေဆိုရ မည်ဖြစ်ပြီး ကျွမ်းကျင်မှု စစ်ဆေးရာတွင် ကားမောင်းနှင်မှုအစား သုံးဘီးမောင်း ပြရမည်ဖြစ်သည်။

ထားဝယ်ခရိုင်တွင် သုံးဘီးအစီးရေ ၁၂၉၁ စီး၊ မြိတ်ခရိုင်တွင် ၅၂၈ စီးနှင့် ကော့သောင်းခရိုင်တွင် ၅၄၁ စီးရှိ ကြောင်း တိုင်းဒေသကြီး ကညနရုံးထံမှ သိရသည်။