NLD လူငယ်ညီလာခံ အဆင့်ဆင့် ဒီဇင်ဘာလနှောင်း စကျင်းပမည်

0
382

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၏ တနင်္သာရီတိုင်းအတွင်း လူငယ် ညီလာခံ အဆင့်ဆင့်ကို ဒီဇင်ဘာလ နှောင်းမှ စတင်ကျင်းပမည် ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများထံမှ သိရသည်။

မြို့နယ် လူငယ်ညီလာခံအဆင့်မှ စတင်ကျင်းပမည်ဖြစ်ကာ သရက်ချောင်း မြို့နယ်လူငယ်ညီလာခံကို ဒီဇင်ဘာ ၂၉ ရက်နေ့တွင် ကျင်းပမည်ဖြစ်သည်။
မြို့နယ်ညီလာခံတွင် လူငယ်လုပ် ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ ခရိုင်ညီလာခံ ကိုယ်စားလှယ်၊ တိုင်းညီလာခံကိုယ်စား လှယ်များ ရွေးချယ်ခြင်းတို့ ပြုလုပ်မည် ဟု သိရသည်။

မြို့နယ်အားလုံး ညီလာခံကျင်းပ ပြီးစီးပါက ခရိုင်ညီလာခံ၊ တိုင်းညီလာခံ များ အဆင့်ဆင့်ကျင်းပပြီး ခရိုင်၊ တိုင်း လူငယ် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းခြင်း၊ ဗဟိုညီလာခံကိုယ်စားလှယ်များ ရွေး ချယ်စေလွှတ်ခြင်းများ ပြုလုပ်သွားမည် ဖြစ်သည်။

NLD လူငယ်ညီလာခံကို ၂၀၁၃ ခုနှစ်တွင် ကျင်းပခဲ့ဖူးရာ ထိုစဉ်က အသက် ၃၅ နှစ်အောက်အား လူငယ် အဖြစ် သတ်မှတ်ခဲ့ပြီး ယခုကျင်းပသည့် ဒုတိယအကြိမ်လူငယ်ညီလာခံတွင် လူငယ်ကို အသက် ၃၀ အောက် ပြောင်းလဲ သတ်မှတ်ခဲ့သည်။
ယခုညီလာခံအတွက် တနင်္သာရီ တိုင်းအတွင်း ပါတီဝင်လျှောက်လွှာ ၃၀၀၀ ခန့် ဖြန့်ဝေထားကြောင်း သိရ သည်။