ရေဖြူမြို့နယ် ဖိတ်ခေါ် လှေလှော် ပြိုင်ပွဲဝင်အသင်း ယခင်နှစ်ထက်နည်း

0
359

ရေဖြူမြို့နယ်တွင် ကျင်းပလေ့ရှိ သည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖိတ်ခေါ် လှေလှော်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်းများ ယခင်နှစ်ထက် လျော့ နည်းလာကြောင်း နှစ် ၇၀ ပြည့် လွတ် လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ ဖိတ်ခေါ် လှေလှော်ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီထံမှ သိရသည်။

ယခုနှစ်တွင် ကျေးရွာ အသီးသီးမှ အမျိုးသား ၇ တက် ၈ သင်း၊ အမျိုးသား ၉ တက် ၆ သင်းနှင့် အမျိုးသမီး ၇ တက် ၄ သင်း အပြင် အထူး ၁၁ တက် ၂ သင်း စုစုပေါင်း အသင်း ၂၀ ရှိကြောင်း အထက်ပါ ကော်မတီ ဥက္ကဋ္ဌ ဦးလှဝင်း အောင်က ပြောသည်။

ယခင် နှစ်ကမူ အမျိုးသား၊ အမျိုး သမီး စုစုပေါင်း ၃၂ သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
“ပြိုင်ပွဲဝင်တဲ့သူတွေက အခု အုပ်ချုပ်ရေးမှူး ရွေးချယ်တာတွေရယ် ကြောင့် အလုပ်က များနေတော့လေ ပြိုင်တဲ့သူတွေ နည်းသွားတာပါ”ဟု ဦးလှဝင်းအောင်က ပြောသည်။

ယင်းပြိုင်ပွဲကို ဇန်နာဝါရီလ ၃ ရက်နှင့် ၄ ရက်တို့တွင် ကျင်းပမည်ဖြစ်ပြီး ရေဖြူတံတားနှင့် ကူးတို့ဆိပ် အကြားရှိ နေရာတွင် ယှဉ်ပြိုင်ကြမည် ဖြစ်ကြောင်း သိရသည်။