မြိတ်တွင် စည်ပင်ပိုင်ပစ္စည်းများ မကြာခဏဖျက်ဆီးခံရ

0
461

မြိတ်မြို့တွင် စည်ပင်သာယာရေး ပိုင်ပစ္စည်းများ မကြာမကြာဖျက်ဆီးခံ နေရကြောင်း မြို့နယ် စည်ပင်သာ ယာရေး ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကို က ပြောသည်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ညက မြိတ်မြို့ လေယာဉ်ကွင်းလမ်းရှိ အမှိုက် ပုံးနှင့်အလှပန်းအိုးအချို့ ဖျက်ဆီးခံထား ရကြောင်း စည်ပင်ကော်မတီမှ သိရသည်။
“ညနက်သန်းခေါင်လမ်းလည်ပြီးဖျက်ဆီးထားတာဖြစ်မယ်”ဟု ကော်မတီ ဥက္ကဋ္ဌ ဦးမြတ်ကိုကိုက ပြောသည်။
အင်္ဂတေဖြင့် ပြုလုပ်ထားသည့် ပန်းအိုးတို့အား ခြေထောက်ဖြင့်ကန်လှဲ ဖျက်ဆီးထားပြီး ကွဲအက်ခြင်း မရှိသော် လည်း ပြန်လည်ပြုပြင်ခဲ့ရကြောင်း ၎င်း ကဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၉ ရက် နေ့ညကလည်း မြို့သစ်ဈေးရှေ့ရှိ စည် ပင်ကော်မတီ အကြံပြုစာပုံးမှန်ရိုက်ခွဲ ဖျက်ဆီးခံရသည်။
ယင်းညတွင်ပင် ရပ်ကွက်အချို့ရှိ လမ်းဘေးဝဲယာတို့တွင် ညအိပ်ရပ်နား ထားသည့် အိမ်စီးကားအချို့၏ မှန်များ ရိုက်ခွဲဖျက်ဆီးခံရသည်။
“ကိုယ့်အတွက်လည်း အကျိုးမရှိ၊ ခံရတဲ့ဘက်ကလည်း ဘာမှအကျိုးမရှိ ဘူး၊ သူခိုးထက်တောင် စိတ်ဓာတ်တွေ အောက်တန်းကျတယ်လို့ မြင်တယ်”ဟု မြို့သစ်ရပ်နေ ဆိုင်ကယ်ကယ်ရီ မောင်း သူ တစ်ဦးက မှတ်ချက်ပေးသည်။

၎င်းအပြင် ကမ်းနားလမ်းတစ် လျှောက်ရှိ အမှိုက်ပုံးများအား ချောင်း အတွင်းသို့ ပစ်ချထားခြင်း၊ အမှိုက်ပုံး များအား ရိုက်ခွဲထားခြင်းတို့အား ကြုံ တွေ့ရဖူးသည်ဟု ဦးမြတ်ကိုကိုက ပြော သည်။
ယင်းသို့ မကြာခဏ ဖြစ်နေခြင်းက တရားဥပဒေ စိုးမိုးမှုကို စိန်ခေါ်နေသကဲ့ သို့ ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။
မြို့နယ်စည်ပင်သာယာရေး ကော်မတီ အနေဖြင့်မူ ယင်းသို့ ဖျက်ဆီးမှုများကို စောင့်ကြည့်ရန် လူအင်အား၊ အချိန် စသဖြင့် အခက်အခဲရှိကြောင်း ဦးမြတ် ကိုကိုက ဆိုသည်။

စည်ပင်သာယာရေးပိုင် ပစ္စည်းများ အား ဖျက်ဆီးပါက အများပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု ပုဒ်မ (၆ / ၁)ဖြင့် အရေးယူနိုင်ပြီး အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်နှင့် ဒဏ်ငွေပါ ချမှတ်နိုင်ကြောင်း သိရသည်။