မော်လမြိုင် သံလွင်ငါးဈေး ပြောင်းရွှေ့မည့်အစီအစဉ် အကောင်အထည် မဖော်နိုင်သေး

0
425

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ဘို ကုန်းရပ်ကွက် အောက်လမ်းမကြီးရှိ သံလွင်ငါးဈေး ပြောင်းရွှေ့ရန် ရန်ပုံ ငွေလျာထားပြီးဖြစ်သော်လည်း မြေနေ ရာ အခက်အခဲကြောင့်ဟုဆိုကာ အကောင် အထည် မဖော်နိုင်သေးပေ။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် သံလွင် ငါးဈေးကို လက်ရှိတည်နေရာမှ ကျောက်တန်း စက်မှုဇုန်သို့ ပြောင်းရွှေ့တည်ဆောက် ရန်အတွက် ဘဏ္ဍာငွေ ကျပ် ၅၈၅ သန်း ကို ဥပဒေအရ ခွင့်ပြုရရှိထားပြီး ဖြစ်သည်။

“လျာထားတဲ့ မြေနေရာက မြေပေး မိန့်ရရှိခြင်း မရှိသေးတဲ့အတွက် မြေပေး မိန့်ရရှိရေး ဆောင်ရွက်လျက် ရှိပါတယ်၊ လက်ရှိ အခြေအနေမှာ အဲမြေနေရာကို သွားလေ့လာတဲ့အချိန်မှာ ငါးဒိုင်တွေ အဓိက လိုအပ်တဲ့ ရေရရှိရေး လျှပ်စစ်မီး ရရှိရေး၊ ရေစီးရေလာစနစ်လုပ်ဖို့ အခက် အခဲရှိနေတာကို တွေ့ရှိရပါတယ်”ဟု မွန်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာ ရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးမင်း ကျော်လွင်က ပြောသည်။

အစိုးရအနေဖြင့် ရန်ပုံငွေ တောင်း ခံစဉ်က မြေနေရာရှိပြီးသားဖြစ်သည့် အတွက် ဥပဒေအရ လွှတ်တော်က အတည် ပြုပေးထားပြီး ယခုမှ မြေနေရာ မရရှိ သေးဟု ဆိုခြင်းမှာ မူအားဖြင့် အတော် ကွဲလွဲမှု ရှိနေသည်ဟု မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦး က ပြောသည်။
“အခုကျမှ မြေက မရသေးလို့ မြေပေးမိန့်မရှိသေးလို့ ပြောင်းတာထက် ဒီလိုလေးလုပ်ရင် ကောင်းမလားဆိုတဲ့ ဟိုဟိုဒီဒီ လျှောက်ပြောင်းနေရမယ့်အချိန် မဟုတ်တော့ဘူး။ ဘာကြောင့် မလုပ်နိုင် တာလဲ ဘယ်လိုအခက်အခဲကြောင့် မ လုပ်နိုင်တာလဲ အချိန်မီမလုပ်နိုင်ရင် လွှတ်တော်ကို တာဝန်ခံပြီးတော့ ပြန် လည်ရှင်းလင်း တင်ပြရမယ်”ဟု ဒေါက် တာအောင်နိုင်ဦးက ဆိုသည်။

ဝန်ကြီး ဦးမင်းကျော်လွင်ကမူ အဆိုပါ ငါးဈေးကိစ္စအား အကောင်းဆုံး ဖြစ်အောင် စီစဉ်နေပြီး ပြောင်းလဲမှု တစ်စုံ တစ်ရာရှိပါက ပြည်နယ် လွှတ်တော်သို့ အသိပေး ညှိနှိုင်းသွား မည်ဟု ဆိုသည်။
သံလွင်ငါးဈေးကို အစပိုင်းက ကျောက်တန်းစက်မှုဇုန်သို့ ပြောင်းရွှေ့ ရန် စီစဉ်ခဲ့ပြီး မြေနေရာ မရသည့်အတွက် ဈေးအဆင့်မြှင့်တင်ရန် စီစဉ်ခဲ့သည်။
သို့သော် ရပ်ကွက်နေပြည်သူတို့၏ တင်ပြတောင်းဆိုမှု၊ သံလွင်ငါးဈေးသည် ရပ်ကွက်ပြည်သူများအကြား ထားရှိရန် မသင့်တော်သည့် အနေအထားကြောင့် မုပွန်ရပ်ကွက် ကျောက်မီးသွေးရုံနေရာရှိ မီးရထားဌာနပိုင် မြေနေရာသို့ ပြောင်း ရွှေ့ရန် စီစဉ်နေသည်ဟု ပြောခဲ့သော် လည်း ယနေ့ထိတစ်စုံတစ်ရာ အကောင် အထည်ဖော်နိုင်ခြင်း မရှိသေးပေ။

သံလွင်ဈေးမှ ထွက်သည့် ငါးညှီ ပုပ်နံ့များသည် ပတ်ဝန်းကျင်နေရပ်ကွက် ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက် နေသည့်အပြင် ဆယ့်နှစ်ဘီးတပ် ငါးပုံးတင် ကုန်ကားကြီးများ ၂၄ နာရီ ဝင်ထွက်သွား လာနေသဖြင့် လမ်းတစ် လျှောက် ငါးအနံ့များ ပိုထွက်လာကာ ယာဉ်အန္တရာယ်လည်း ဖြစ်ပေါ်စေနိုင် သည့်အတွက် ရပ်ကွက်နေပြည်သူတို့က အဆိုပါ ငါးဈေးကို ပြောင်းရွှေ့ပေးရန် ယခင်အစိုးရလက်ထက်ကတည်းက တောင်းဆိုတိုင်ကြား လာခဲ့ကြသည်။

သံလွင်ဈေးသည် ၁၉၈၉ ခုနှစ်က ကုန်ခြောက် မျိုးစုံရောင်းချရန်အတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့က ၆ ပေပတ်လည် ဆိုင်ခန်းများ ပြုလုပ်ကာ ဈေး စတင်ရောင်းချခဲ့သော်လည်း နောက် ပိုင်းတွင် အဆိုပါ ၆ပေ ပတ်လည် ဆိုင်ခန်းများကိုဖျက်ပြီး ငါးဈေး ဒိုင်အဖြစ် ယနေ့ထိ ပြောင်းလဲအသုံးပြုခဲ့သည်။