တနင်္သာရီ အုန်းသီး စိုက်ပျိုးထုတ်လုပ်သူများအသင်း စဖွဲ့

0
419

တနင်္သာရီတိုင်း အုန်းသီးစိုက်ပျိုး ထုတ်လုပ်သူများအသင်းကို ဒီဇင်ဘာ လ ၁၁ရက်က စတင်ဖွဲ့စည်း လိုက် ကြောင်း သိရသည်။
ထားဝယ်၊ သရက်ချောင်း၊ မေတ္တာ၊ လောင်းလုံး၊ ဘုတ်ပြင်းနှင့် ပုလောမြို့ နယ်တို့မှ ကိုယ်စားလှယ်များ ပါဝင်ကာ လူ ၃၀ ဦးဖြင့် ဖွဲ့စည်းလိုက်ကြောင်း တိုင်းဒေသကြီး အုန်းသီးစိုက်ပျိုးထုတ် လုပ်သူများအသင်း ဥက္ကဋ္ဌ ဒေါ်မေမေပြုံး က ဆိုသည်။

အသင်းသားအဖြစ် ဝင်ရောက်ပါက အုန်းပင်စိုက်ပျိုးခြင်းနည်းပညာ၊ အုန်း သီးမှ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ် သည့် နည်းပညာများ ဖြန့်ဝေပေးသွား မည်ဖြစ်ပြီး ပြည်ပသို့ ပို့ဆောင်သည့် အုန်းသီးဈေးကွက် ခိုင်မာစေရန် လုပ်ပေး သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
“တိုင်းထဲက စိတ်ဝင်စားသူတွေ အသင်းဝင်မယ်ဆိုရင် အသင်းရုံးကို ဆက်သွယ်နိုင်တယ်”ဟု ဒေါ်မေမေပြုံးက ဆိုသည်။
အဆိုပါ တိုင်းအသင်းမှာ မြန်မာ နိုင်ငံ အုန်းသီးစိုက်ပျိုး ထုတ်လုပ်သူများ အသင်း လက်အောက်တွင် ရှိနေမည် ဖြစ်ပြီး အသင်းရုံးခန်းကို ထားဝယ်မြို့ နယ် ဇလွန်းရွာတွင် ဖွင့်လှစ်ထားကြောင်း ၎င်းက ပြောသည်။

အုန်းသီးများ တင်ပို့ရောင်းချရာ တွင် ဈေးနှုန်းမတည်ငြိမ်မှုနှင့် ဈေးနှိမ်မှု များရှိကာ ယင်းကဲ့သို့ အသင်းဖွဲ့စည်း ကာ လုပ်ဆောင်မည်ဆိုပါက တည်ငြိမ် သည့် ဈေးနှုန်းတစ်ခုရလာနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေသတွင်းထွက်ရှိ သည့် အုန်းသီးများကို ဝယ်ယူစုဆောင်း ကာ ထိုင်းနယ်စပ်သို့ သွားရောက်ရောင်း ချခဲ့ဖူးသည့် ဦးသိန်းဇော်က ဆိုသည်။
ပြီးခဲ့သည့်နှစ်က ထားဝယ်ဒေသ ထွက် အုန်းသီးများကို ဝယ်ယူစုဆောင်း ပြီး ထိုင်းနိုင်ငံသို့ သွားရောက်ရောင်း ချရာတွင် ဈေးနှုန်း မတည်ငြိမ်မှုများနှင့် ဈေးနှိမ်မှုများကြောင့် တွက်ခြေမကိုက် သည့်အတွက် လုပ်ငန်း ရပ်နားလိုက်ရ ကြောင်း ဦးသိန်းဇော်က ပြောသည်။

“နယ်စပ်မှာက ထိုင်းဝယ်လက်တွေ ဈေးနှိမ်ပြီး သူတို့ပေးတဲ့ ဈေးပဲရတယ်၊ အသင်းအဖွဲ့နဲ့ဆို ကောင်းလာမှာလို့ ယူဆရတာပဲ”ဟု ဦးသိန်းဇော်က ဆို သည်။
အုန်းသီးများကို ကံပေါက်ဒေသဖြစ် သည့် အုန်းပင်ကွင်း၊ နဘုလယ်နှင့် ဘဝါ ဒေသများတွင် အဓိကဝယ်ယူစုဆောင်း ပြီး ထိုင်းနယ်စပ်တွင် အုန်းသီးတစ်လုံး လျှင် ထိုင်းငွေ ၁၆ ဘတ်မှ ၂၂ ဘတ်အထိ ပေါက်ဈေးရှိခဲ့ကြောင်း ၎င်းကပြော သည်။
အသင်းသားများကို အသင်းဝင် ကြေးအဖြစ် ငွေကျပ် ၁ သောင်း၊ နှစ်စဉ် ကြေးကျပ် ၁ သောင်းနှင့် အသင်းဝင် ကတ်ပြား (စမတ်ကတ်) အတွက် ကျပ်၅ ထောင် သတ်မှတ်ထားကြောင်း အဆိုပါ အသင်းထံမှ သိရသည်။