ထားဝယ်ဈေးကွက်တွင် မွန် အသားတိုးဝက် အသာစီးရ

0
408

ထားဝယ်ဈေးကွက်အတွင်းသို့ မွန် ပြည်နယ်မှ အသားတိုးဝက်များ ဝင်ရောက် လာခြင်းကြောင့် ဒေသခံတစ်နိုင်တစ်ပိုင် ဝက်မွေးမြူသူများ အခက်အခဲ ဖြစ်နေ ကြာင်း မွေးမြူရေးသမားများက ပြောသည်။
မွန်ပြည်နယ်မှ ဝက်များက ထား ဝယ်ဒေသရှိ ဝက်များထက် အသားထွက် နှုန်းပိုကောင်းသည်ဟုဆိုကာ ဒေသခံ ဝက်မွေးမြူရေးသမားများ၏ ဝက်များကို ဝယ်ယူခြင်း မရှိတော့သဖြင့် ဈေးနှုန်း အနှိမ်ခံကာ ရောင်းချနေရကြောင်း ယင်း မွေးမြူရေးသမားများက ပြောသည်။

“၀က်ဒိုင်တွေက မော်လမြိုင်ဘက် က ဝက်တွေက အသားပေါတယ်ဆိုပြီး ပြတ်ခါလပ်ခါမှ ကျွန်တော်တို့ဆီ လာ ဝယ်ကြတယ်။ သူတို့အတွက် မကိုက်ဘူး ဆိုပြီး ဈေးနှိမ်တာပေါ့ဗျာ”ဟု သရက် ချောင်းမြို့နယ် ကြာအင်းကျေးရွာမှ တစ်နိုင်တစ်ပိုင် မွေးမြူရေး လုပ်ကိုင်နေ သူ ဦးခွန်ဇော်က ဆိုသည်။
ယခင်က ဝက်သားပေါက်ဘ၀က တည်းက ကြိုတင်လာရောက် ကမ်း လှမ်း ဝယ်ယူလေ့ရှိသည့် ဝက်ဒိုင်များ မှာ ယခု ၎င်းတို့၏ ဝက်များကို စိတ်ဝင် စားမှု မရှိတော့သဖြင့် အရင်းပြန်ရရန် အရှုံးခံ ရောင်းချနေရကြောင်း လောင်းလုံး မြို့နယ် အင်းဇောက်ကျေးရွာမှ ဒေါ်ခင်လေး က ပြောသည်။

“အရင်က နှစ်သိန်းခွဲလောက် တန် တဲ့ ဝက်ကို ၆ သောင်းလောက်နဲ့ အဆင် ပြေသလို ရောင်းနေရတယ်”ဟု ဒေါ်ခင်လေး က ဆိုသည်။
ဈေးကွက်လိုအပ်ချက် အရ မွန်ပြည်နယ် မွေးကုဌာန၏ တရား ဝင်သယ်ယူခွင့် (PC 3)ဖြင့် တင်သွင်း နေခြင်း ဖြစ်သောကြောင့် တားဆီးပိုင်ခွင့် မရှိကြောင်း မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနထားဝယ်ခရိုင် ဦးစီးမှူး ဒေါက်တာဝင်းမြင့်က ပြောသည်။

ယင်းအခက်အခဲများကို ဖြေရှင်းရန် ဒေသခံများအနေဖြင့် မျိုးကောင်းမျိုး သန့်ဝက်များ ရွေးချယ်မွေးမြူရန်နှင့် အ စာကျွေးစနစ်ကို ခေတ်နှင့်အညီ ပြုပြင် ပြောင်းလဲရန် လိုအပ်ကြောင်း ဒေါက်တာ ဝင်းမြင့်က အကြံပြုသည်။
စက်တင်ဘာလခန့်မှ စတင်ကာ ထားဝယ်ဈေးကွက်အတွင်းကို မွန်ပြည် နယ်မှ အသားတိုးဝက်များ စတင်ဝင် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ယင်းဈေး ကွက်အတွင်းမှ သိရှိရသည်။