ကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်နှင့် ဆယ်အိမ်စုမှူးအမျိုးသမီး အပြန်အလှန် အမှုဖွင့်

0
387

ဆယ်အိမ်စုမှူးရွေးသည့် ကိစ္စနှင့် ပတ်သက်ပြီး အခင်းဖြစ်ပွားခဲ့ပြီး မြိတ် မြို့နယ်၊ ပသောင်းကျေးရွာတွင် ဆယ်အိမ် စုမှူး (အရပ်ခေါ် ရာအိမ်မှူး) အမျိုးသမီး နှင့် ကြီးကြပ်ရေး အဖွဲ့ခေါင်းဆောင်တို့ အပြန်အလှန် အမှုဖွင့်ထားကြောင်း မြိတ်မြို့မရဲစခန်းမှ သိရသည်။
ဒီဇင်ဘာလ ၁၈ ရက်က ပသောင်း ကျေးရွာအုပ်စု၊ အနောက်ပြင်ရပ်ကွက်ရှိ ဆယ်အိမ်စုမှူးရွေးမည့် နေအိမ်အရှေ့ တွင် ဆယ်အိမ်စုမှူးရွေးရန် လူစုနေစဉ် ကြီးကြပ်ရေးအဖွဲ့ခေါင်းဆောင် ဦးစိုးမြင့် နှင့် ဆယ်အိမ်စုမှူးအရွေးခံမည့် ဒေါ်တင်တင်ရီ တို့ စကားများရာမှ ယင်းသို့ ဖြစ်ပွားခဲ့ ခြင်းဖြစ်ကြောင်း ဒေါ်တင်တင်ရီက ပြောသည်။

“တုပ်ထားပြီးမှ အထိုးခံရတာ။နှုတ်ခမ်းပေါက်သွားတယ်။ မျက်နှာကို ၂ ချက်နှင့် ရင်ဘတ်ကို ၃ ချက်လောက် အထိုးခံရပြီး ဝတ်ထားတဲ့အင်္ကျီကို ဆွဲဖြဲ တယ်”ဟု ၎င်းက ဆိုသည်။
ဒေါ်တင်တင်ရီသည် ပသောင်း ကျေးရွာအုပ်စု၏ လက်ရှိတာဝန်ထမ်း ဆောင်ဆဲ ဆယ်အိမ်စုမှူးတစ်ဦးလည်း ဖြစ်ကြောင်း ကျေးရွာအုပ်စုအုပ်ချုပ်ရေး မှူးထံမှ သိရသည်။

ကြီးကြပ်ရေးခေါင်းဆောင် ဦးစိုး မြင့်ကမူ ယင်းအမှုသည် လုပ်ကြံဖန်တီးခြင်းဖြစ်ပြီး သူမကိုယ်တိုင်အင်္ကျီအား ဆွဲဖြဲခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။
“စာရွက်တွေကို ဆွဲဖြဲတယ်၊ ပြီး တော့ ဆဲပြီးဒေါသနဲ့လှည့်အထွက် သူ့ ဘာသာသူတိုင်နဲ့ ဝင်ဆောင့်တာပါ။မျက်မြင်သက်သေ ခြောက်ယောက်လောက် ရှိတယ်”ဟု ဦးစိုးမြင့်က ရှင်းပြသည်။
ဒေါ်တင်တင်ရီသည် မိမိအား လူ အများရှေ့၌ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲ ဆိုပြီး ကျောက်ခဲဖြင့် ပစ်ပေါက်ခဲ့ကာ ၎င်းအနေဖြင့် ကိုယ်ထိလက်ရောက်ကျူး လွန်ခဲ့ခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

ဒေါ်တင်တင်ရီသည် ထိုးကြိတ် ဒဏ်ရာကြောင့် ရင်ဘတ်အောင့်သဖြင့် ဒီဇင်ဘာလ ၂၀ ရက်နေ့လယ်က မြိတ် ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း ပသောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးကို နေလင်းစိုး က ပြောသည်။
“နောက်က တစ်ယောက်တုပ် ထား တာ မြင်တယ်။ ဦးစိုးမြင့်က လက်ရွယ် နေတာ မြင်တယ်”ဟု အခင်းဖြစ်နေရာ တွင် ရှိနေသည့် နောက်ပြင်ရပ်ကွက်နေ အသက် ၃၀နှစ် ခန့်အရွယ် အမျိုးသား တစ်ဦးက ပြောသည်။

ယင်းသို့ဖြစ်ပွားခဲ့ခြင်းနှင့် ပတ် သက်၍ ဒေါ်တင်တင်ရီနှင့် ဦးစိုးမြင့် တို့အကြား အပြန်အလှန် တရားစွဲဆိုထား ကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။
ဒေါ်တင်တင်ရီက ဦးစိုးမြင့်နှင့်ကြီး ကြပ်ရေးအဖွဲ့ဝင် ၃ ဦး၊ ရွာသား ၁ ဦး ပေါင်း ၅ ဦးအားပုဒ်မ ၂၉၄(ညစ်ညမ်း စွာပြုမူ ပြောဆိုခြင်း)၊ ၃၅၄(ကာယိနြေ္ဒ ပျက်စီးစေရန် သက်ရောက်မှုကျူးလွန် ခြင်း)၊ ၃၂၃ /၁၁၄ (နာကျင်စေမှု သို့မဟုတ် အားပေးကူညီမှု)တို့ဖြင့် အမှုဖွင့် တိုင်ကြား ထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

ဦးစိုးမြင့်ဘက်ကလည်း ဒေါ်တင် တင်ရီကို ပုဒ်မ ၂၉၄(ညစ်ညမ်းစွာ ပြု မူပြောဆိုခြင်း) ၊ ၄၂၆(အကျိုးဖျက်ဆီးမှု)၊ ၃၃၆(အသက်သို့မဟုတ် လုံခြုံရေးကို ဘေးဖြစ်စေမှု)များဖြင့် ပြန်လည်တိုင် ကြားထားကြောင်း မြိတ်မြို့မရဲစခန်းထံမှ သိရသည်။