ကော့သောင်းတွင် ၂၀၁၇ မော်ဒယ် ဆိုင်ကယ်များ လိုင်စင်လာလုပ်သူ နည်းဟုဆို

0
496

လိုင်စင် ဈေးနှုန်းထုတ်ပြန်ပြီးဖြစ် သော်လည်း ကော့သောင်းတွင် ၂၀၁၇ မော်ဒယ်ဆိုင်ကယ်များ လိုင်စင်လာရောက် ပြုလုပ်သူ နည်းပါးနေဆဲဖြစ်ကြောင်း ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစီးအရာရှိ ဦးသန်းနိုင်ဦးက ပြောကြားသည်။
၂၀၁၇ မော်ဒယ် ဆိုင်ကယ်လိုင်စင် ဈေးနှုန်းများကို ဒီဇင်ဘာ ၅ ရက်က စတင်သတ်မှတ် ထုတ်ပြန်ခဲ့ပြီး အပတ် စဉ်ဗုဒ္ဓဟူးနေ့တိုင်း လိုင်စင်များ ပြုလုပ် ပေးနေသော်လည်း လာရောက်ပြုလုပ် သည့် အစီးရေ နည်းပါးနေသေးကြောင်း ဦးသန်းနိုင်ဦးက ပြောသည်။

“အများ ပြည်သူသိအောင် ရပ် / ကျေးတွေက တစ်ဆင့်ရော၊ အသံချဲ့စက် တွေနဲ့ အော်ပြီး အသိပေးတာရော လုပ်ပေး နေတဲ့အတွက် မသိစရာတော့ မရှိဘူး။ လာလုပ်ဖို့ စိတ် မဝင်စားကြတာတော့ အတင်းခေါ် မရဘူးလေ”ဟု ၎င်းက ဆိုသည်။
နောက်ဆုံးပေါ်မော်ဒယ် ဆိုင်ကယ် များ စီးသူများသည့် ကော့သောင်းခရိုင် တွင် ဒီဇင်ဘာ ၂၀ ရက်အထိ ၂၀၁၇ မော် ဒယ် ဆိုင်ကယ် ၃၆ စီးသာ လိုင်စင် လာရောက် ပြုလုပ်ကြသည်ဟု ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှူး ဦးစီးဌာန၏ စာရင်းအရ သိရသည်။

“ကော့သောင်းမှာက လိုင်စင် လုပ် ပေးပြီး အဖမ်းဆီး ပေါ့လျော့တာက တစ်ကြောင်း၊ ပြီးတော့ အခုက TNI လိုင်စင် ဖြစ်ပြီး ယူထားတဲ့ဈေးက အရမ်းများ သလို ဖြစ်နေတယ်။ ၂၀၁၇ မော်ဒယ်ဆို ၄ သိန်းကျော်တယ်။ ဘတ်နဲ့ဆို တစ်သောင်း နီးပါးပဲဆိုတော့ များတယ် လို့ထင်တာပဲ။ ဒါကြောင့် လူတွေလဲ စဉ်းစားချင့်ချိန်နေ ကြတာဖြစ်မယ်”ဟု အောင်သုခ ရပ်ကွက် နေ ကိုနိုင်က ထောက်ပြသည်။

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ် လိုင်စင် များကို အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ကော့သောင်း မြို့နယ်ထွေ/အုပ် ရုံးဝင်းအတွင်းရှိ OSS (One Stop Shop)ရုံးတွင် နံနက် ၉ နာရီမှ ညနေ ၃ ခွဲအထိ နေ့ချင်းပြီးဆောင် ရွက်ပေးလျက်ရှိပြီး ဒီဇင်ဘာလ ၂၀ ရက် နေ့အထိ ဆိုင်ကယ် စုစုပေါင်း ၅၈၉ စီး ပြုလုပ်ပေးပြီးဖြစ်ကြောင်း သိရသည်။ ကော့သောင်းတွင် ၂၀၁၈ ဇန်နဝါရီ ၁ ရက်မှစ၍ လိုင်စင်မဲ့ ဆိုင်ကယ်များ ဖမ်းဆီး အရေးယူမည်ဟု ကြေညာထားသည်။