စည်ပင်ဈေးရှိ ဆိုင်ခန်းများတွင် အခွန်အကြွေးကျန် အများဆုံးဟုဆို

0
362

တိုင်းအတွင်း စည်ပင်သာယာရေး ဈေးများရှိ ဆိုင်ခန်းများတွင် အခွန် ကြွေးကျန်မှု အများဆုံးဖြစ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်တွင်း အခွန်များဦးစီးဌာနထံမှ သိရသည်။

စည်ပင်ဈေးများရှိ ဆိုင်ခန်းများကို ငှားရမ်းရောင်းချသူများက အပြောင်း အလဲရှိသည့်အတွက် ယင်းကဲ့သို့ အခွန် ကြွေးကျန်များ များနေရခြင်းဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်ရဲထွန်းက ဆိုသည်။

ယင်းကဲ့သို့ အခွန်ကြွေးကျန်များ များနေသည့်အတွက် ဆိုင်ခန်းများကို ဆက်ငှားရန် သက်တမ်းတိုးပေးပါက အခွန်ကြွေးများ ပေးသွင်းပြီးမှ သက်တမ်း တိုးပေးရန် စည်ပင်သာယာရေးအဖွဲ့နှင့် ညှိနှိုင်းထားကြောင်း ၎င်းကပြောသည်။

ဒုတိယ အခွန်အကြွေးကျန် အများ ဆုံးမှာ သုံးဘီးယာဉ်များဖြစ်ပြီး လုပ်ငန်း လိုင်စင်ထုတ်ပေးချိန်တွင် အကြွေးကျန် ကင်းရှင်းမှသာ သက်တမ်းတိုးပေးရန် သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းထားကြောင်း ၎င်းက ပြောသည်။