တနင်္သာရီတွင်ကိုးလအတွင်း ကုမ္ပဏီ ခုနစ်ဆယ်နီးပါး မှတ်ပုံတင်

0
474

တနင်္သာရီတိုင်းတွင် ကိုးလတာ ကာလအတွင်း မှတ်ပုံတင်သည့်ကုမ္ပဏီပေါင်း ခုနစ်ဆယ်နီးပါးရှိကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA) ထံမှ သိရသည်။

တိုင်းအတွင်း ပြီးခဲ့သည့် ဧပြီလမှ ဒီဇင်ဘာလလယ်အထိ ကုမ္ပဏီပေါင်း ၆၉ ခု လာရောက်မှတ်ပုံတင်ကြပြီး အ များစုမှာ ဆောက်လုပ်ရေးလုပ်ကိုင်မည့် ကုမ္ပဏီများဖြစ်ကြောင်း(DICA) တိုင်းဒေ သကြီးဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ဆိုသည်။ မှတ်ပုံတင်ကြသည့် အဆိုပါ ကုမ္ပ ဏီများတွင် နိုင်ငံခြားသား ကုမ္ပဏီ ၃ ခုနှင့် နိုင်ငံသားကုမ္ပဏီ ၆၆ ခုရှိ ကြောင်း သိရသည်။

“ဒီနှစ်မှာက ဆောက်လုပ်ရေး လုပ် မယ့် ကုမ္ပဏီ ငါးဆယ်လောက်လာပြီး မှတ်ပုံတင်ကြတယ်”ဟု ဒေါက်တာ ထွန်းထွန်းက ပြောသည်။
ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ်က နိုင်ငံ ခြားသား ကုမ္ပဏီ ၁ ခုနှင့် နိုင်ငံသား ကုမ္ပဏီ ၇၂ ခု မှတ်ပုံတင်ကြပြီး အများစု မှာ ခရီးသွားလုပ်ကိုင်မည့် ကုမ္ပဏီများ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တနင်္သာရီတိုင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ၂၀၁၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။
ကုမ္ပဏီတစ်ခု မှတ်ပုံတင် ဖွဲ့စည်း မည်ဆိုပါက မှတ်ပုံတင်ကြေး ၅ သိန်း ကျပ်နှင့် အခြားအခွန်အခများ အပါ အဝင် စုစုပေါင်ကျပ် ၈ သိန်းခန့် ကုန်ကျ ကာ ၅နှစ်သက်တမ်းရှိမည် ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရ သည်။
တိုင်းအတွင်း ကုမ္ပဏီ စုစုပေါင်း ၃၀၀ ကျော်ရှိကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြားမှု ဦးစီးဌာနထံမှ သိရသည်။