ထားဝယ်တွေ ဘယ်ရောက်နေလဲ

0
476

ကျွန်မဟာ စတုတ္ထတန်း ကျောင်းသူတစ်ယောက် ဖြစ်ပါတယ်။ ကျွန်မတို့ ကျောင်း သင်ခန်းစာ ပထဝီဘာသာရပ်မှာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြောင်းကို သင်ရပါတယ်။ တနင်္သာရီတိုင်းဒေသကြီးတွင် နေထိုင်သူ လူမျိုးများမှာ ဗမာ၊ ကရင် လူမျိုးများနှင့် မြိတ်ကျွန်းစုတွင် ဆလုံလူမျိုးများ အများဆုံးတွေ့ရသည်ဟု သင်ယူရ ပါသည်။

ကျွန်မတို့ ထားဝယ်လူမျိုးများမှာ ထားဝယ်ဘာသာစကား၊ ထားဝယ်ရာဇဝင် သမိုင်း၊ ထားဝယ်ရိုးရာယဉ်ကျေးမှု (ဥပမာ အက၊ သီချင်း၊ အဝတ်အထည်) ထားဝယ် ရိုးရာ အစားအစာတွေ ကိုယ်ပိုင်ရှိပါတယ်။ နာမည်ကျော်ကြား ထင်ရှားသူတွေလည်း အများကြီးရှိပါတယ်။ ပန်းချီဆရာကြီး ဦးငွေကိုင်၊ ဗိုလ်မှူးကြီးဗထူး၊ မီးပုံးပျံ ဦးကျော်ရင်၊ သူရမချစ်ပို အစရှိသူတွေဟာ ထားဝယ်လူမျိုးတွေပါ။ ဒီဒေသအတွင်းမှာ ထားဝယ်စကားပြောတဲ့ ထားဝယ်လူမျိုးတွေ အများဆုံး နေထိုင်ကြပါတယ်။ ဒါပေမဲ့ နည်းပါးလှတဲ့ ဆလုံလူမျိုးတွေတောင် ထည့်သွင်းဖော်ပြခံရပါတယ်။ ဘာကြောင့် ကျွန်မတို့ ထားဝယ်လူမျိုးအကြောင်း မပါတာလဲ သိချင်ပါတယ်ရှင်။

နောက်ဆုံးအနေနဲ့ ပြောရမယ်ဆိုရင် ကျွန်မတို့ ထားဝယ်လူမျိုးတွေဟာ ဘယ်နေရာ မှာများ နေနေတာပါလဲ။
မအိသော်သော်ငြိမ်း
စာရေးသူမှာ
အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၊ ထားဝယ်တွင် စတုတ္ထတန်း တက်ရောက် နေသူဖြစ်ပြီး လောင်းလုံးမြို့နယ် ကမြောကြီးရွာတွင် နေထိုင်လျက် ရှိသည်။