တစ်နာရီ အလုံးငါးထောင်ကျော် ခွဲနိုင်မယ့် ကွမ်းသီးခွဲစက်

0
1235

တစ်နာရီကို ပျမ်းမျှ ကွမ်းသီး အလုံး ငါးထောင်ကနေ ခြောက်ထောင် အထိ ခွဲပေးနိုင်မယ့် ထိုင်းနိုင်ငံထုတ် ကွမ်းသီးခွဲစက် လိုအပ်သူတွေအတွက် လမ်းညွှန် ပေးလိုပါတယ်။

ကွမ်းသီး သုံးလုံး၊ လေးလုံး၊ ငါးလုံး စသဖြင့် တစ်ပြိုင်တည်း ခွဲနိုင်မယ့် ခွဲစက် အမျိုးအစား သုံးမျိုးရှိပြီး ဈေးနှုန်း က ကျပ်နှစ်ဆယ့်ခုနှစ်သိန်း ကနေ ကျပ် သိန်းသုံးဆယ်ကျော်အထိ ရှိပါတယ်။

အိမ်သုံး လျှပ်စစ်မီးနဲ့ စက်ကို မောင်းနှင်နိုင်ပြီး ဝယ်ယူသူတွေအနေနဲ့ စရံငွေကို စက်တန်ဖိုးရဲ့ ထက်ဝက်ဝန်း ကျင် ကြိုပေးရမှာဖြစ်ပြီး ရက် ၂၀ ကြို မှာရမှာ ဖြစ်ပါတယ်။

တစ်ခု သတိပြုရမှာကတော့ ကွမ်း သီးတွေ တစ်အားများပြီး ထည့်ရင်တော့ စက်ရုန်းအားများပြီး ကွမ်းသီးမညီဘဲ ဖြစ်တတ်ပါတယ်။
စက်မောင်းနှင်အားရှိတဲ့အတိုင်း ကွမ်းသီးကို ပုံမှန်ထည့်ပေးနေမယ် ဆိုရင်တော့ ကွမ်းသီးခွဲသားတွေကို ညီညီညာညာ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဆက်သွယ် ဝယ်ယူလိုသူတွေ အနေနဲ့ ဖုန်းနံပါတ် ၀၉-၄၂၅၀၀၆၉၄၇ ဆက်သွယ် ဝယ်ယူနိုင်တယ်လို့ သိရ ပါတယ်။