ရယ်ရမောရ အရေးပေါ် ဆရာဝန် ဘ၀(၁၀)

0
718

နိဒါန်း။
သည်ဘက်ခေတ်နဲ့ သည်ဘက် စနစ်အတွင်း ကျွန်တော်တို့များစွာ သတိ ထားနေထိုင် အလုပ်လုပ်ကိုင်နေကြရတာ အမှန်။ “ခေတ်မပြောင်းသေးဘူးလား”ဆိုသည့်အမေးကို ကျန်းမာရေး ဝန်ထမ်း တွေ ဖြစ်ကြသည့် ကျွန်တော်တို့တွေလည်း”ပြောင်းချင်လှပေါ့”လို့ ဖြေချင်လှပါ၏။ အသွင်လည်း ပြောင်းခဲ့ပါပြီ၊ အမြင်လည်း ပြောင်းခဲ့ပါပြီ။ သည်ခေတ်၊ သည်စနစ် သည်ဘက်ခေတ်တွင် မျက်မှောက်ခေတ် ကို ကျွန်တော်တို့ မြင်နေကြရပါပြီလို့ ဟစ်ကြွေးဂုဏ်ယူချင်မိပေမဲ့၊ လက်တွေ့ ဘ၀မှာအမှန်တော့ မဟုတ်၊ စံတလွဲနဲ့ အဖြစ်အပျက် များစွာ။

ဆေးရုံမှာ ဖြစ်ကြတဲ့ ရန်ပွဲ
ညအချိန်မတော် အရက်ဆိုင်မှာ ရန် ဖြစ်ပြီး လက်ဖျံဒဏ်ရာဖြင့် ရောက်လာ လေသော ပြင်ပလူနာတစ်ယောက်၊ အဲ သည်လူနာကို တာဝန်ကျ ဆရာဝန်မှ ဆေးထည့်ပေးပြီး စစ်ဆေးကုသမှု ပေး ပြီး အိမ်ပြန်လွှတ်လိုက်ချိန် ဦးခေါင်း ပေါက်ပြဲဒဏ်ရာဖြင့် လာသော အခြားလူ နာတစ်ယောက် သူ့အမျိုးသမီးပါ လိုက် ပါလျက် ဆေးရုံထဲဝင်အလာ ဆေးရုံအ ဝင်ဝမှာ ဆုံကြသည်။ ဖြစ်လက်စ ရန်ငြိုး တွေနှင့် ဆက်ပြီး ထိုးကြကြိတ်ကြသည်။

သူတို့ အရက်ဆိုင်မှာ တစ်ဝိုင်းတည်း အတူသောက်ကြရင်း ရန်တွေဖြစ်ခဲ့ကြ သည်။ လက်ဖျံဒဏ်ရာရသူက ဆေးရုံ အရင်လာပြသည်။ ခေါင်းအရိုက်ခံလိုက် ရသူက မိန်းမကိုခေါ်ရန် အိမ်ပြန်နေတော့ နောက်ကျပြီးမှ ဆေးရုံရောက်သည်။ အဲသည်မှာ ခေါင်းကွဲနေသူက သူ့ကို ရိုက်သူသည် သူ့ထက်အရင် ဆေးရုံကို လာပြကာ အမှုကြီးအောင် လုပ်လေ သလောဟု ယူဆကာ ဆေးရုံအဝင်မှာ ထိုးကြကြိတ်ကြ ရန်ဖြစ်ကြခြင်းဖြစ်သည်။

ဆေးရုံလုံခြုံရေး တာဝန်ကျရဲက ရန် ပွဲကို ဝင်ခွဲပေးပြန်တော့လည်း ရဲကိုပါ ပြဿနာရှာသည်။ ရဲကပါ အရင်ရောက် သူဘက်က ပင်းလေမလားဟု မူးမူးနှင့် ဟောက်ဟမ်းရုံမက ပါလာသော ဖုန်းဖြင့် ဆေးရုံတစ်ရုံလုံး ဗီဒီယိုရိုက်မယ်၊ တိုင်ပစ် လိုက်မယ်နှင့် ခြိမ်းခြောက်သည်။ ဆဲဆို ရမ်းကားသည်။
တာဝန်ကျ ဆရာဝန်က လိုအပ်သော ကုသမှုပေးပြီး ခွဲစိတ်ကုသဆောင်သို့ တင်သည့်အခါ အဲသည်အဆောင်မှာ ထပ် ပြီး မူးယစ်ရမ်းကားသည်။ ကိုယ့်ကျန်းမာ ရေးဝန်ထမ်းတွေဘက်က ဘာမှ အလွန်မ ရှိ။ သူ့ဘာသာသူ မူးရူးပြီး ရန်ဖြစ်ကြ သည့် ကိစ္စ၊ ဆေးရုံမှာ လာပေါက် ကွဲပြ သည်။ လာခြိမ်းခြောက်သည်။ အဖြစ်အ ပျက်က ရှင်းလင်းသည်။ နောက် ခွင့်ပြု ချက်မရယူဘဲ အချိန်မတော်ဆေးရုံမှ ဆင်း သွားသည်။ ခြိမ်းခြောက်သည်။ ဗီဒီယို ရိုက်သည်။ ဆဲဆိုကြိမ်းမောင်းသည်။
ပြီးပေါ့လေ။ ဘာမှလည်း ထိခိုက် မိတာ မဟုတ်လေတော့ ဘာမှလည်း ဖြစ် မသွားကြပါ။ အစီရင်ခံစာတွေလည်း မတင်ခဲ့ကြ၊ အကြီးကိုလည်း အရေးအရာ ယူမတိုင်ခဲ့ကြလေတော့ ဘာမှလည်း အရေးမယူခဲ့ကြ။

အမူးပြေချိန်
မနက်လင်း အားကြီးမှာ အဲသည် လူနာပြန်လို့ လာသည်။ သူ့အနာအတွက် သောက်ရမယ့်ဆေးတွေ လာပြန်မေးတာ တဲ့။ အမူးလည်းပြေပြီဆိုတော့ ကိုယ့်ဝန် ထမ်း သူနာပြုတွေဘက်မှ မရိုင်းပါ။ သောက်ဆေးနှင့် ဆောင်ရန်ရှောင်ရန်ကို အလိုက်အထိုက် ပြောပြတော့ သူပြန် သွားသည်။ သည်လူတစ်ခုခုတော့ သူ့စိတ် မှာ မတင်မကျ ခံစားနေရပုံရသည်။ နောက်နေ့ မနက်ကျတော့ ထပ်လို့သူ လာပြန်သည်။ ရုပ်က ခပ်ချေချေပါပဲ။

“ကျွန်တော့် ဒဏ်ရာနဲ့ ပတ်သက်လို့ မေးမြန်းချင်လို့ပါဆရာ”လို့ စိုးရွံ့မှု တစ် ဝက်မျက်လုံးတွေနှင့် သူတို့လင်မယား ဝင်လာကာ လူနာအမျိုးသားမှ ပြောသည်။
“ဟုတ်ကဲ့ မေးပါခင်ဗျ”
သူတို့ကို အကဲခတ်ရင်း ပြန်ဖြေဖြစ် သည်။
“ကျွန်တော်ဒဏ်ရာ အခြေအနေနဲ့ ဆက်လက် လုပ်ဆောင်ရမယ့်အရာတွေ မေးချင်လို့ပါ ဆရာ”လို့ သူဆက်ပြော တော့ ကိုယ့်ဘက်ကလည်း သူ့မျက်လုံး တွေ စေ့စေ့ကြည့်ကာ
“ဟုတ်ပါပြီဗျာ။
ခင်ဗျားနဲ့ပတ်သက် လို့ ကျွန်တော်လည်း အတော်စဉ်းစား နေတာဗျ။ တစ်ပိုင်းက ခင်ဗျားဒဏ်ရာ အတွက် စဉ်းစားနေတာ၊ လူနာတစ်ယောက် အတွက် စိတ်ပူနေတဲ့ ဆရာဝန်တစ်ယောက် ရဲ့ စိတ်ပေါ့ဗျာ။ ခုလို ခင်ဗျားလာတွေ့ တော့မှ ပြောပြရတာပေါ့လေ။ ဆေးရုံ ဆိုတာ ဆေးကုပေးတဲ့ နေရာပါဗျ။ ခင် ဗျားတို့ ဘယ်နေရာမှာ ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့ လက်သင့်ခံ ကုသပေး၊ အသက်ကယ်ပေး နေတဲ့ နေရာရယ်ပါ။ အဲအတွက် ခင်ဗျား အနာကို ဘယ်နှစ်ရက်ကြာရင် ဆေးထည့် ရမယ်၊ ဘယ်နှစ်ရက်အကြာမှာ ချုပ်ရိုး ဖြည်ကြရမယ် စသဖြင့် ပြောပြချင်လို့ပါ။ ပြီးတော့ ဆေးရုံတင်ထားပါလျက်နဲ့ ခွင့်ပြုချက်မယူဘဲ သဘောဆန္ဒအလျောက် ဆင်းသွားလေတော့ ပုံမှန်အားဖြင့်ပြန် ကြည့်ဖို့ကို မလိုဘူးဗျ။ သို့ပေမဲ့ လူနာ ဖြစ်လေတော့ ကျွန်တော်တို့ဘက်က ခင် ဗျားအတွက် စိုးရိမ်နေတာ။ ခုခင်ဗျားလာ တော့ ရှင်းသွားတာပေါ့လေ။ ကဲပါ ဆရာမ ရေ၊ သူ့အတွက် ဘယ်နေ့ဆေးထည့် ဘယ်နေ့ ချုပ်ရိုးဖြည်ဆိုတာ ပြောပြလိုက် ပါဦး”

သေသေချာချာပြောရင်း နောက် တစ်ကဏ္ဍအတွက် အသာ အားယူကာ သက်ပြင်းရှိုက်ရင်း ကျွန်တော် ဆက်ပြော တယ်။
“ထိုင်ပါအုံး၊ ကိုအောင်ဘုရေ၊ ကျွန် တော် ခုနက ပြောချင်တဲ့ စဉ်းစားနေပါ တယ်ဆိုတဲ့ ဒုတိယအပိုင်းကို ဆက်ကြရ အောင်။ ခင်ဗျား အဲသည်ညက လုပ် သွားတဲ့ အပြုအမူတွေအတွက် ကျွန်တော် တို့အနေနဲ့ ခင်ဗျားရဲ့ တုံ့ပြန်မှုအပေါ် မူတည်ပြီး အလေးအနက် စဉ်းစားနေပါ တယ်”
သူ့ကို လေးလေးနက်နက် စိုက် ကြည့်ပြီး ပြောဖြစ်တယ်။

“ခင်ဗျားစဉ်းစားနော်၊ ကိုယ့်ဘာသာ ကိုယ်အရက်ဆိုင်မှာ ဖြစ်လာကြတဲ့ မကျေ နပ်မှုတွေဟာ ဆေးရုံမှာ ပေါက်ကွဲဖို့ သင့် မသင့် ကိုယ့်ဘာသာကိုယ် ပြန်စဉ်းစားပါ။ ကျွန်တော်တို့ဘက်ကလည်း လူနာကို ယုယုယယ စိတ်ရောကိုယ်ပါ ပြုစုစောင့် ရှောက်ပေးနေကြတဲ့ ဆေးဝန်ထမ်းတွေ ရယ်ပါ။ တစ်နေကုန် လူနာတွေ ၀ရုန်း သုန်းကားနဲ့ နေ့ကနေညအထိ ဆက်ပြီး တအားပင်ပန်းနေချိန် ညနက်သန်းခေါင် ကြီး ခင်ဗျားဘက်က လာရမ်းကားသွား တာအတွက် ဖြစ်သင့်မသင့် ခင်ဗျားပဲ စဉ်းစားပါဗျာ။

ခင်ဗျားမြင်တဲ့အတိုင်း ဆေးရုံတစ်ရုံ လုံးအပြည့်အနှက် ကွဲကြပြဲကြထိခိုက် ဒဏ်ရာရကြ၊ ဖျားကြနာကြတဲ့ လူနာ ပေါင်း သောင်းခြောက်ထောင်ကို ဝန်နဲ့ အားမမျှ အလုပ်လုပ်ပေး ကုသပေးနေကြ ပါလျက်နဲ့ ခင်ဗျားတို့ ဘာသာ ဖြစ်လာ ကြတဲ့ ပြဿနာကို ဆေးဝန်ထမ်းတွေနဲ့ ဆေးရုံဘက် ပြဿနာရှာလာတဲ့ ခင်ဗျား အပြစ်အတွက် အရေးယူဖို့ရာ သင့်မသင့် ခင်ဗျား စဉ်းစားပေါ့ဗျာ”
သူ့မျက်နှာကို စေ့စေ့ကြည့်ရင်းတစ် လုံးချင်း ပြောဖြစ်ပါတယ်။

ကိုအောင်ဘု မလုံမလဲ မျက်နှာလွှဲ သွားပြီး
“ကျွန်တော့် အပြုအမူအတွက် ကျွန်တော် စိတ်မကောင်းပါဘူးဆရာ၊ ဆရာတို့ ကျေနပ်တဲ့အထိ တောင်းပန်ဆို တောင်းပန်ပါ့မယ်”လို့ ပျာပျာသလဲသူ ဆိုပါတယ်။

“ကျွန်တော် ခင်ဗျားအဖြစ်အပျက်ကို နားလည်တယ် ကိုအောင်ဘု၊ ခင်ဗျားကို ခေါင်းရိုက်ခွဲခဲ့သူက ခင်ဗျားထက်အရင် ဆေးရုံရောက်နေတယ်၊ ငါ့ကိုအမှုကြီး အောင် ပူးပေါင်းလုပ်ကြံကြလေတော့မယ် လို့ တွေးပြီး ခင်ဗျားပြဿနာရှာတာ ဖြစ် မှာပါ”လို့ ပြောတော့ သူလေးလေးပင် ပင် ခေါင်းညိတ်ပါတယ်။
“ကျွန်တော်မှားပါတယ်ဆရာ”တဲ့။

အမှားအတွက် တောင်းပန်ခြင်း
အဲသည့်နောက်ပိုင်းရက်တွေမှာကိုအောင်ဘုကျွန်တော့်ကို မြင်သမျှတွေ့ သမျှနေရာမှာ အတင်းကို လိုက်တွေ့ကာ သူ့အပေါ် စိတ်မရှိပါမည့်အကြောင်း တောင်းပန်သည်။ မနက် လက်ဖက်ရည် ဆိုင်မှာ၊ နေ့လယ် ဆိုင်ကယ်ပြင်ဆိုင်မှာ၊ နေ့ခင်း ဆေးရုံမှာ တွေ့ရာနေရာမှာ ပူပူ ဆာဆာ လိုက်ပြီး
“အဟဲ ဟိုလေဆရာ၊ အနော့နဲ့ ပတ်သက်ပြီး ဆရာတို့အနေနဲ့ ရှော့ခ် ရှိ၊ မရှိ လာမေးတာပါ”လို့ မေးရင်း တောင်းပန်လွန်းလေတော့ ကိုယ်တွေ သော်မှ စိတ်တွေ ရှုပ်ရသည်အထိ။

အလားတူဖြစ်ရပ်များစွာ နိုင်ငံ့အလျားမှာ
မနေ့တစ်နေ့က ထားဝယ်ဆေးရုံမှာ အဲသည်အဖြစ်ပျက်လိုပဲ မူးယစ်ရန်းကား နေသည့် ဗီဒီယိုဖိုင်လေးကို လူမှုမီဒီယာ ပေါ်မှာ တွေ့လိုက်ရပါတယ်။ အဆန်း တော့မဟုတ်။ သည်ခေတ် သည်စနစ်မှာ သည်လိုစိတ်ကို ထွက်ပေါက်ရှာတာက မဆန်း။

ကိုယ်တွေ ဖြေရှင်းခဲ့သလိုသာ မိမိ အပြစ် မိမိသိသည်အထိ ပြောပြရုံတောင်း ပန်ရုံပြီး သင့်သည့် အဖြစ်အပျက်တွေမှာ လက်ခုပ်ဆိုတာ နှစ်ဖက်တီးပါမှ မြည် တယ်ဆိုသည့် အပြောမျိုး။ လူမှု မီဒီယာ ထက် ကဲကဲဆတ် မိမိကျန်းမာရေးဝန်ထမ်း များအား ရိုင်းပျစော်ကားနေခြင်းမျိုးများ မြင်ရရုံမက၊ ကျန်းမာရေးဝန်ထမ်းများ ကိုယ်နှုတ်မူရာ ယဉ်ကျေးသိမ်မွေ့ကြပါရန် လူမှုရေးဝန်ကြီးက တောင်းဆိုသည့် သတင်းမျိုးဖြင့် ဖြေရှင်းသည့်အဖြစ်ကို ကြားလာရသည့်အခါ ကျွန်တော်တို့တွေ ရင်မောရအမောဆို့ ကြရပါတယ်။

လုပ်ငန်းခွင် လုံခြုံမှုမရှိလေသောအခါ
လုပ်ငန်းခွင်သည် မလုံမခြုံဟု ခံစား လာကြရလေသော မိမိတို့ ကျန်းမာရေး ဝန်ထမ်းတို့ ဘ၀အတွက် မိမိတို့ ဝန်ထမ်း တွေ ဘ၀အတွက် အကာအကွယ်ပေးပါ ရန် နိုင်ငံအဝန်းမှ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းနှစ်ထောင်နီးပါးမှ လက်မှတ် ရေးထိုးကာ ယခုလ အစောပိုင်းကတောင်း ဆိုခဲ့ကြပြီး၊ ပြည်ထောင်စုဝန်ကြီးမှ နှစ်ပတ်အတွင်း ဆေးဘက်ဆိုင်ရာ ဝန် ထမ်းများ အကာအကွယ်ပေးရေးအဖွဲ့ကို ဖွဲ့စည်း၍ မိမိကျန်းမာရေးဝန်ထမ်းများ ဘ၀ လုံခြုံမှုအတွက် အကာအကွယ်ပေးပါ မည်ဟု ကတိစကားကျွန်တော်တို့ ကြားရ သည်မှာ ဒီဇင်ဘာလနှစ်ရက်နေ့က ဆို တော့ ပူပူနွေးနွေးပဲ ရှိပါသေးသည်။

အဲသည့်နောက်ပိုင်း ဖြစ်လာသော ထားဝယ်အဖြစ်မှာ ကျွန်တော်တို့ ဖြစ် စဉ်လို အဖြေရှာပြီး နှစ်ဦးနှစ်ဖက် ကျေ ကျေလည်လည်ပြီးသွားတာ မဟုတ်ခဲ့သ လို မိမိဌာနဆိုင်ရာအကြီးအကဲတို့ ရပ်တည် မှု၊ ဒေသအစိုးရ အာဏာပိုင်တို့၏ ယင်း သို့ သက်သေခံ အထောက်အထား ခိုင် လုံလှလေသော အဖြစ်အပျက် မျိုးမှာပင် လျှင် ခြံစည်းရိုးခွထိုင်သော ရပ်တည် ချက်နှင့် ကိုင်တွယ်ပုံတွေက အေးတိအေး စက်နိုင်လှပါ၏။ တစ်ဘက်မှ ဆက်လက် ရိုင်းပျသမျှအတွက် ဘာဆို ဘာမှ ကာကွယ် မပေးနိုင်ကြ။ ပြည်ထောင်စုဝန်ကြီးမှ ဖွဲ့စည်းပေးသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ အကာ အကွယ်ပေးရေးအဖွဲ့ ဆိုတာကလည်း ရေမှာရေးသော အရုပ် လေလား

နိဂုံး
အဖြစ်အပျက်များစွာမှာ အခြေခံ အကြောင်းခြင်းရာ ရှိတတ်ကြပါသည်။
ဝန်နှင့်အား မမျှတမှုအတွက် ဘယ် သို့ အခြေအနေတွေ ဖန်တီးပေးလို့ ကျွန် တော်တို့ ဆေးဝန်ထမ်းတွေအတွက် ဖိ အားလျှော့ချဖို့ရာ ဘယ်သို့သော အဖြေ ကို ရှာပေးလေမည်နည်း။

တစ်နေ့တာ အလုပ်ချိန် သတ်မှတ် ချက်မရှိပါဘဲ တစ်နေကုန် နေ့မအားည မနား အလုပ်လုပ်နေရရှာလေ သူတို့ အ တွက် မောင်ရင်တို့ အဆင်ပြေအောင် ကိုယ်တွေ အားထည့်စဉ်းစားပေးနေပါ တယ်။ ဝန်ထမ်း အင်အားအပြည့်အဝရ ဖို့ ကြိုးစားပေးနေပါတယ် စသဖြင့် အား ပေးစာနာ နှစ်သိမ့်စကားတစ်ခါဖူးမှ မ ပြောမဆိုခဲ့ကြဖူး၊ ဝန်ထမ်းတွေဘက် တစ်ခါဖူးမျှ လှည့်ကြည့်လို့ အားပေးဖေး မမှု မပြုခဲ့ကြဖူးသူတွေက သည်မှာဘက် ဝန်ထမ်းတွေ၏ အခက်အခဲနှင့် သည်း ညည်းခံနိုင်မှု ကုန်လေချိန်ကို မမြင် မသိလေသည်အထိ သည်းခံနိုင်ကြ သော်လည်း . . .

ခုနက အဖြစ်အပျက်တွေလို လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားလှ သည့် အဖြစ်အပျက်တွေမှာလျှင် မိမိတို့ ဘက်မှ ရပ်တည်ဖြေရှင်းသူ မရှိလေသည့် အခါ မိမိတို့၏ မူလ တာဝန်ဖြစ်လေသော ဂုဏ်သိက္ခာကြီးသော စေတနာအရင်းခံ ကာ ကုသပေးရသော ကုသိုလ် အလုပ် ကို ငြိမ်းအေးစွာ မလုပ်ရပါဘဲ ပြဿနာ တို့ကို ဖြေရှင်းကြရလေသောအခါ . .

ရယ်ရင်းမောနေရသည့် သည်ဘ၀ များစွာမှ ကျွန်တော်တို့ ဘ၀အဖြေကို ရှာ တွေ့ဖို့ မရေရာလှသလို စံအလွဲနဲ့ ခေတ် တစ်ခုအတွင်းမှာ ကျွန်တော်တို့ ရေရှည် ရပ်တည်နိုင်ဖို့ မသေချာလှပါ။
သည်ခေတ်၊ သည်စနစ် သည်အဖြစ် တွေမှ မကြာမတင် လွင့်စင်ထွက်ပြေး ကုန်တော့မည့် ကျန်းမာရေးဝန်ထမ်းတို့ အဖြစ်ကို ကျွန်တော်တို့တွေ မြင်ယောင် ရင်း ရင်မောရပါတယ်။

အသွင်လည်း ပြောင်းခဲ့ပါပြီ၊ အမြင် လည်း ပြောင်းခဲ့ပါပြီ။ သည်ခေတ်၊ သည် စနစ် သည်ဘက်ခေတ်တွင် မျက်မှောက် ခေတ်ကို ကျွန်တော်တို့ မြင်နေကြရပါ ပြီလို့ ဟစ်ကြွေးဂုဏ်ယူချင်မိပေမဲ့၊ လက် တွေ့ဘ၀မှာ အမှန်တော့မဟုတ်၊ စံတလွဲ နဲ့ အဖြစ်ပျက်များစွာ။

ဆက်ပါဦးမယ်။