သံသယဖြစ်ဖွယ် ဒဏ်ရာကြောင့် ဂူသွင်းပြီး ဆရာတော်ရုပ်ကလာပ် ပြန်တူးဖော်

0
487

မြိတ်မြို့နယ် သစ်ယာဝကျေးရွာရှိ ဇ၀နာရာမကျောင်းသစ်တိုက်တွင် ဂူ သွင်းထားသည့် ဆရာတော် ရုပ်ကလာပ် ကို ဒီဇင်ဘာလ ၁၆ ရက်နေ့က ပြန်လည် တူးဖော်ခဲ့ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ မှူးရုံး ရဲမှူး အေးမင်းထံမှ သိရသည်
ဆရာတော် ရုပ်ကလာပ်အား ဂူ သွင်းသဂြုØဟ်ခဲ့သည်မှာ တစ်လနီးပါး ကြာပြီဖြစ်သည်။

ဂူသွင်းချိန်တွင် အရိုက်ခံထား သည်ဟု သံသယရှိဖွယ် ဒဏ်ရာအချို့ တွေ့ခဲ့ခြင်းနှင့် ဆရာတော်နှင့် သက်ဆိုင် သည့် အခန်းသော့များ ငွေသားများ ပျောက်ဆုံးနေခြင်း စသည်တို့ကြောင့် ဒီဇင်ဘာလ ၃ ရက်နေ့က မြို့မရဲစခန်း တွင် တိုင်ကြားခဲ့ကြောင်း ကျောင်းအကျိုး တော်ဆောင် ကော်မတီမှ သိရသည်။

“တစ်စုံတစ်ဦးရဲ့ ပယောဂကြောင့် ပျံလွန်တော်မူတယ်လို့ ထင်မြင် ယူဆ ချက်နဲ့ လာပြီး သတင်းပေးတော့ ဓမ္မတာ အတိုင်း သေဆုံးတာ ဟုတ်/ မဟုတ် တရားသူကြီး ဆရာဝန်နဲ့ နာရေးအဖွဲ့ တွေခေါ်ပြီး ပြန်ပြီး ရင်ခွဲစစ်တာပါဟု” ရဲမှူး အေးမင်းက ပြောသည်။
သက်တော် ၆၂ နှစ် ဝါတော် ၄၂ ဝါရှိ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဇ၀နသည် နိုဝင်ဘာလ ၁၃ ရက်နေ့က ပျံလွန်တော်မူခဲ့ပြီး ၉ ရက်အကြာ ဇာပန အခမ်းအနား ကျင်းပပြီးနောက် နိုဝင်ဘာ လ ၂၁ ရက်နေ့တွင် ကျောင်းတောင်ပေါ်ရှိ စေတီနံဘေးတွင် ဂူသွင်းခဲ့ကြောင်း ကျောင်း အကျိုးတော်ဆောင် ကော်မတီမှ သိရ သည်။

ဆရာတော်သည် မြိတ်မြို့ တရုတ် တန်းရပ်ကွက်ရှိ ဘုန်တော်ကြီးကျောင်း တွင် ပျံလွန်တော်မူပြီးနောက် ရွာသား အချို့က ညတွင်းချင်း ရွာသို့ပင့်ဆောင် လာခဲ့ကြောင်း အကျိုးတော်ဆောင် ကော် မတီ ဥက္ကဋ္ဌ ဦးတင်ဆန်းက ပြောပြသည်။
ရုပ်ကလပ်အား သယ်ယူလာသည့် ရွာသားအချို့၏ ပြောပြချက်အရ သွေး တိုးရောဂါဖြင့် ပျံလွန်တော်မူသည်ကို သိရှိခဲ့ကြောင်း ဦးတင်ဆန်းက ပြော ပြသည်။

ဂူသွင်းခဲ့ပြီးနောက် ဆရာတော် ပျံလွန်တော်မူစဉ်က မျက်နှာနှင့် ရင်ဘတ် တို့တွင် ဒဏ်ရာအချို့နှင့် မှောက်လျက် ပျံလွန်တော်မူထားသည့် မှတ်တမ်း ဓာတ်ပုံများ ထွက်ပေါ်လာသဖြင့် ရောဂါ ဖြင့် ပျံလွန်တော်မူသည်မှာ မဖြစ်နိုင်ကြောင်း သစ်ယာဝရွာသားတို့က ပြောပြသည်။
အဆိုပါ ရုပ်ကလပ်အား စစ်ဆေး ချက်ရလဒ်အပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြိတ် မြို့ နယ် မြို့မရဲစခန်းမှ သိရသည်။