မြိတ်တွင် စုပေါင်းရုံး လေးထပ် အဆောက်အအုံ စဆောက်

0
460

မြိတ်မြို့၊ မြိတ်တောင် ကျေးရွာအုပ် စု အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး အနီးတွင် မြို့နယ်စုပေါင်းရုံး လေးထပ် အဆောက်အအုံကို ပြီးခဲ့သည့် နိုဝင်ဘာ လက စတင်ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

စုပေါင်းရုံးအဆောက်အအုံ ဆောက် လုပ်ပြီးပါက ယင်းရုံးတွင် မြန်မာ့လယ် ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၊ မြို့နယ် အထွေ ထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ် ဖွဲ့မှူးရုံး၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် မြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံး စသဖြင့် စုစုပေါင်း ဌာန ၁၈ ဌာန ဖွင့် လှစ်မည်ဖြစ်ကြောင်း မြို့နယ်အုပ်ချုပ် ရေးမှူးက ပြောသည်။
“စာရွက်ကိုင်ပြီး တစ်မြို့လုံးပတ် လက်မှတ်လိုက်ထိုးရတဲ့ ပြဿနာ အေး သွားမယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်အေးက ပြောသည်။

စုပေါင်းရုံးတွင် ဌာန ၁၈ ခုရှိနေ သည့်အတွက် ပြည်သူများအနေဖြင့် ဌာနများနှင့် ပတ်သက်သည့် လုပ်ငန်းများ ကို တစ်နေရာတည်း လုပ်ဆောင်နိုင်မည် ဖြစ်သည်။
အဆိုပါ ၄ ထပ် စုပေါင်းရုံးသည် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဘတ်ဂျတ်ငွေ ကျပ်သိန်းပေါင်း တစ်သောင်းဖြင့် ဆောက်လုပ်ခြင်းဖြစ်ပြီး ယခု ဘတ်ဂျက် နှစ်အတွင်း အပြီးတည်ဆောက် သွား မည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးဦးစီးဌာနမှ သိရသည်။

ရုံးတည်ဆောက်ပြီးစီးပါက သက် ဆိုင်ရာ ဌာန ၁၈ ဌာန ပြောင်းရွှေ့ ရမည်ဖြစ်ကာ လက်ရှိဌာန နေရာများမှာ ဝန်ထမ်းများ နေသည့် နေရာများဖြစ်လာ မည်ဖြစ်ကြောင်း မြို့နယ် အုပ်ချုပ်ရေး မှူးက ပြောသည်။