ကျွန်းစုတွင် ဝါးရုံတော ထိန်းသိမ်းကာကွယ်ရေး ပထမဆုံးအကြိမ် သင်တန်းပေး

0
375

ဝါးရုံတောများကို ထိန်းသိမ်းကာ ကွယ်နိုင်ရန်အတွက် မြိတ်ခရိုင် ကျွန်းစု မြို့နယ်၊ ကပကျေးရွာအုပ်စုကဒဲ-က တွတ်ကျေးရွာတွင် ပထမဆုံးအကြိမ် အ ဖြစ် ဒီဇင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက် နေ့တို့တွင် သင်တန်းပေးခဲ့ကြောင်းသင် တန်းကို စီစဉ်သည့်Green Network ထံမှ သိရသည်။

ဒေသခံများ၏ ဝင်ငွေ တိုးတက်လာ စေရန်၊ ခရီးသွားလုပ်ငန်းများအတွက် အထောက်အပံ့ ဖြစ်စေနိုင်ရန်၊ သစ်အ စားထိုး အသုံးပြုတတ်စေရန်နှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ သင်တန်းပို့ချရခြင်းဖြစ် ကြောင်းGreen Network မှ တာဝန်ခံ ကိုမျိုးဦးက ပြောသည်။

အဆိုပါ သင်တန်းကို Green Network မှ ဦးစီးပြီး အင်ဒိုနီးရှားနိုင်ငံ က သင်တန်းဆရာများ လာရောက် သင်ကြားပေးခြင်းဖြစ်ကြောင်း Green Network ထံမှ သိရသည်။
“ဝါးကို ပြဒါးဓာတ်အနည်းဆုံးချိန် ဘယ်ချိန်မှာ ခုတ်ရမလဲ ဝါးရုံတစ်ရုံမှာ ဘယ်နှစ်လုံးခုတ်ပြီး ဘယ်နှစ်လုံးချန်ထား ရမလဲဆိုတာ သိခဲ့ရတယ်” ဟု သင်တန်း သားတစ်ဦးဖြစ်သူက ပကျေးရွာနေ ကိုအောင်ငယ်က ပြောသည်။

လက်ရှိတွင် သင်တန်းပထမအ သုတ်(Module 1)အား သင်ကြားပေးပြီး ဖြစ်ကာ ၃ လအတွင်း(Module2) နှင့်( Module 3) တို့အား ထပ်မံသင်ကြားပေး သွားမည်ဖြစ်ကြောင်းသိရသည်။
Module 1 တွင် ဒေသခံများနှင့် အရပ်ဘက်အဖွဲ့အစည်းအချို့မှ အဖွဲ့ဝင် များ စုစုပေါင်းသင်တန်းသား ၃၅ ဦး တက်ရောက်ခဲ့ကြောင်း Green Network ထံမှ သိရသည်။
ကျွန်းစုမြို့နယ်အတွင်း ဒေသခံရွာ သားများက ဥယျာဉ်ခြံများတွင် ဝါးပိုးဝါး များကို အဓိကစိုက်ပျိုးကြပြီး သဘာဝ အလျောက် ပေါက်ရောက်နေသည့် ဝါး ရုံတောများလည်း ရှိသည်။ À