NNER ဆွေးနွေးပွဲမှ ဆွေးနွေးချက်များကို အစိုးရထံ တင်ပြသွားမည်

0
445

ထားဝယ်မြို့တွင် နှစ်ရက်ကြာ ကျင်းပခဲ့သည့်NNER ဆွေးနွေးပွဲမှ ထွက်ရှိလာသည့် ဆွေးနွေးချက်များကို အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER) ဥက္ကဋ္ဌက ပြောကြားသည်။

ဒီဇင်ဘာလ ၁၅ရက်နှင့် ၁၆ ရက် တို့တွင် ကျင်းပပြုလုပ်သည့် NNER ဆွေးနွေးပွဲတွင် စုစည်းပြီး ထွက်ရှိလာ သည့် ဆွေးနွေးချက် ၅ ချက်ခန့်ကို အစိုးရကို တိုက်တွန်းနိုင်ရန် တင်ပြသွား မည်ဖြစ်ကြောင်းNNER ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်က ဆိုသည်။

ပညာရေးပြုပြင်ပြောင်းလဲမှုကို တိုက်တွန်းမှုလုပ်ရန် ၊ ဗဟိုချုပ်ကိုင်မှု လျော့ချရန်၊ တိုင်းရင်းသားဒေသများ တွင် တိုင်းရင်းသားကလေးများ နားလည် သည့် ဘာသာစကားနှင့် မိခင်ဘာသာ စကားဖြင့် သင်ကြားခွင့်ရှိရန်၊ ဒေသဆိုင်ရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများ ပါဝင်ခွင့်ရှိ ရန်၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်နှင့် သမဂ္ဂရုံးခန်း ကိစ္စ အစရှိသည့် အချက်များကို တင်ပြ သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အစိုးရကို တိုက်တွန်းတဲ့ အချက် တွေကို ပြန်လည်စုစည်းပြီးတော့ အစိုးရ ကို ပြန်တင်ပြဖို့ရှိပါတယ်”ဟု ဒေါက်တာ သိန်းလွင်က ပြောသည်။
ထားဝယ်မြို့တွင် ကျင်းပသည့် NNER ၏ ၆ လတစ်ကြိမ် ကျင်းပသည့် ဆွေးနွေးပွဲကို တိုင်းနှင့် ပြည်နယ် အသီး သီးမှNNERကိုယ်စားလှယ် ၁၆၀ ဦး ခန့်နှင့် ဒေသခံပညာရေး အသိုင်းအဝိုင်းမှ ၄၀ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။ ပြီးခဲ့သည့် ၆ လပတ် အစည်းအဝေးကို မုံရွာမြို့တွင် ကျင်းပခဲ့ ပြီးနောက် ၆ လ အတွက် အစည်းအဝေးကို ချင်းပြည်နယ်တွင် ပြုလုပ်သွားမည်ဖြစ် ကြောင်း ဒေါက်တာသိန်းလွင်က ဆိုသည်။

ထားဝယ်မြို့တွင် ကျင်းပပြုလုပ်ခဲ့ သည့် NNERအစည်းအဝေးကို ထားဝယ်မြို့ မြို့တော်ခန်းမကို ငှားရမ်း အသုံးပြုခွင့် လျှောက်ထားရာတွင် ဒီဇင် ဘာလ ၉ ရက်နေ့အထိ တိကျသည့် အဖြေ မရသည့်အတွက် ရေနန်းတောင် ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ရ ကြောင်း သိရသည်။