မြိတ်တွင် လမ်းဘေးအရက်သေစာ ဝိုင်းဖွဲ့သောက်စားသူများကို စဖမ်း

0
523

မြိတ်တွင် လမ်းဘေးနှင့် အများ ပြည်သူ အပန်းဖြေနေရာများတွင် အရက် သေစာဝိုင်းဖွဲ့သောက်စားသူများကို ဒီ ဇင်ဘာလ ၁၁ ရက်နေ့မှ စတင်ဖမ်းဆီးခဲ့ ကြောင်း မြိတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဒီဇင်ဘာလ ၁၁ ရက်နေ့ ညက ရေကန်ဘောင်နံဘေးတွင် အရက်သေစာ ဝိုင်းဖွဲ့သောက်စားနေသည့် ဝိုင်းနှစ်ဝိုင်းမှ လူငယ် ၅ ဦးနှင့် ကမ်းနားလမ်းတွင် ၂ ဦးကို ဖမ်းဆီးခဲ့ပြီး ဒီဇင်ဘာလ ၁၂ ရက် နေ့ညက ကမ်းနားလမ်းတွင် အရက်၊ ဘီယာဝိုင်း ၃ ဝိုင်းမှ လူငယ် ၁၁ ဦး၊ လေယာဉ်ကွင်းလမ်းဆုံတွင် ၂ ဦးတို့အား ဖမ်းဆီးပြီး ပုဒ်မ ၁၈၈ ဖြင့် အမှုဖွင့် အ ရေးယူထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။

လမ်းဘေးနှင့် အများပြည်သူ အ ပန်းဖြေနေရာတို့တွင် အရက်သေစာဝိုင်း ဖွဲ့သောက်စားခြင်း၊ ကော်ရှုခြင်း၊ မူးယစ် ရမ်းကားခြင်းများ ပြုလုပ်ပါက ထိ ရောက်စွာ အရေးယူမည်ဖြစ်ကြောင်း နိုဝင်ဘာလ ၇ ရက်နေ့က မြို့ နယ်အုပ် ချုပ်ရေးမှူးရုံးမှ တားမြစ်စာထုတ်ပြန် ထားသည်။

ယင်းကဲ့သို့ စာထုတ်တားမြစ်သည့် နိုဝင်ဘာလ ၇ ရက်နေ့မှစပြီး ဒီဇင်ဘာ ၇ ရက်နေ့အထိ တစ်လတိတိ အသိပညာ ပေးခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ မှူးရုံးမှ သိရသည်။
“တစ်လပြည့်တော့ အရေးယူတဲ့ အပိုင်းစလုပ်တယ်” ဟု ရဲမှူးအေးမင်းက ပြောသည်။

ပုဒ်မ ၁၈၈ ( ပြည်သူဝန်ထမ်းက နည်းလမ်းတကျ ထုတ်ပြန်ကြေညာထား သည့်အမိန့်ကို ဖီဆန်ခြင်း)အရ အမြင့် ဆုံးထောင်ဒဏ် ၆ လဖြစ်စေ၊ ဒဏ်ငွေ တစ်ထောင်ကျပ်ဖြစ်စေ ဒဏ်နှစ်စလုံးဖြစ် စေ ချမှတ်နိုင်ကြောင်း သိရသည်။