စည်းကမ်းမဲ့ ငါးဖမ်းခြင်းကြောင့် ငါးပုတ်ခြောက်ကုန်ကြမ်းရှား

0
449

စည်းကမ်းမဲ့ ငါးဖမ်းခြင်းကြောင့် ကုန်ကြမ်းရှားပါးလာပြီး ငါးပုတ်ခြောက် လုပ်ငန်းကို ထိခိုက်လာကြောင်း ကျွန်း စုမြို့နယ်၊ စခန်းသစ်ကျေးရွာက ဒေသခံ တံငါသည်များက ပြောသည်။
ငါးမဖမ်းရန် သတ်မှတ်ထားသည့် ဇုန်အတွင်း စည်းကမ်းမဲ့ ဝင်ရောက်ငါး ဖမ်းခြင်းကြောင့် ငါးပုတ်ခြောက်ကို အ များဆုံးပြုလုပ်သည့် ကက္ကူရံ(ကျွဲရင်) ငါးများ ရှားပါးလာကြောင်း ၎င်းတို့က ဆိုသည်။

“ပြီးခဲ့နှစ်ကထက် ဒီနှစ်ကုန်ကြမ်း ရရှိမှုက ထက်ဝက်ကျော်ကွာသွားတယ်” ဟု ငါးပုတ်ခြောက်လုပ်ငန်း လုပ်ကိုင် သည့် စခန်းသစ်ရွာသားဦးဝင်းကိုက ပြောသည်။
ငါးပုတ်ခြောက်လုပ်ငန်းဖြင့် နာ မည်ကျော်ကြားခဲ့သော စခန်းသစ်ကျေး ရွာအနီး ပင်လယ်ပြင်တွင် သတ်မှတ်ထား သော ငါးမဖမ်းရဇုန် ၁၀ မိုင်အတွင်းသို့ မြိတ်မြို့မှ လာရောက်သော လှေတချို့ နှင့် အနီးအနားရွာများရှိ တံငါလှေများ မှ ဝင်ရောက်ဖမ်းဆီးနေသကဲ့သို့ ည အချိန်များတွင်လည်း ကမ်းဝေးငါးဖမ်း လှေများက အတင်းဝင်ရောက်ဒရွတ် တိုက်ခိုးဆွဲမှုများ ရှိနေသည်ဟု ဒေသခံ တံငါသည်များက ပြောသည်။

အဆိုပါလှေများက ပိုက်ကွက် သေး(ပိုက်ကြမ်း)များဖြင့် လာရောက်ဖမ်း ယူနေကြပြီး အရွယ်မရောက်သေးသော ငါးသားပေါက်များကအစ ငါးကြီးများ ပါမကျန် အကုန်ဖမ်းယူနေကြသည်ဟု ၎င်းတို့က ဆိုသည်။
ဒေသခံများ ဖမ်းသော ပိုက်မှာမူ ခြောက်လက်မခွဲပိုက်ဖြစ်သည့်အတွက် အရွယ်ရောက်ပြီးသော ကက္ကူရံငါးရရှိမှု နည်းပါးသွားသည်ဟု ဦးဝင်းကိုက ဆို သည်။
“စည်းကမ်းမဲ့ဖမ်းချင်သလို ဖမ်းနေ တာကို တာဝန်ရှိသူတွေအနေနဲ့ ထိထိ ရောက်ရောက် တားမြစ်ပေးစေချင်တယ်”ဟု ၎င်းက ပြောသည်။ ကက္ကူရံငါး ဝင် ရောက်ခိုးဖမ်းမှုနှင့် ပတ်သက်ပြီး ယမန် နှစ်က အမျိုးသားလွှတ်တော်တွင် ကိုယ် စားလှယ် ဦးဥက္ကာမင်းက မေးခွန်းမေးခဲ့ ဖူးပြီး တာဝန်ရှိသူများက ဖမ်းဆီးမှုများ လုပ်ဆောင်နေသော်လည်း ထိရောက်မှု မရှိဖြစ်နေသေးကြောင်း ကျွန်းစုမြို့နယ် က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဟိန်းက ပြောသည်။

“ဖမ်းတော့ ဖမ်းနေတယ်။အားလုံး ကိုတော့ ဖမ်းမနိုင်သေးဘူးဖြစ်နေတယ်။ ဒီတော့ ကျွန်တော်တို့က လူထုအခြေ ပြုစနစ်ကို ဘက်ဂရောင်း(နောက်ခံအား)ကောင်းကောင်းနဲ့ သီးသန့်ဖွဲ့ပြီး လုပ်မှ ရတော့မယ်”ဟု ဦးဇော်ဟိန်းက ဆိုသည်။
ငါးပုတ်ခြောက်ကို ကက္ကူရံငါးများ ဖြင့် အဓိကပြုလုပ်ကြပြီး ငါးပါးနီ၊ ဇ ယော စသည့်ငါးများဖြင့်လည်း ပြုလုပ် ကြသည်။