စက်စဲကမ်းခြေကို ပြည်နယ်အစိုးရ တိုက်ရိုက်စီမံခန့်ခွဲရန် လွှတ်တော်ကိုယ်စားလှယ်များ တိုက်တွန်း

0
402

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် အတွင်းရှိ စက်စဲကမ်းခြေကို ပြည်နယ်အ စိုးရအဖွဲ့မှ တိုက်ရိုက်စီမံခန့်ခွဲရန် လို အပ်သည်ဟု လွှတ်တော်ကိုယ်စားလှယ် များက ပြည်နယ်အစိုးရအဖွဲ့ကို တိုက် တွန်းလိုက်သည်။
စက်စဲကမ်းခြေ သဘာဝ ပတ်ဝန်း ကျင် ညစ်ညမ်းနေသည့်ကိစ္စနှင့် ပတ် သက်ပြီး မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာ ကွယ်စောင့်ကြည့်ရေး ကော်မတီ၏ ကွင်းဆင်းစိစစ် တွေ့ရှိထားသည့် အခြေအနေကို ဒီဇင်ဘာ ၁၁ ရက်နေ့ ဒုတိယအကြိမ် ပြည်နယ်လွှတ်တော် အဋ္ဌမပုံ မှန်အစည်းအဝေးတွင် အစီ ရင်ခံ တင်ပြခဲ့သည့်အပေါ် လွှတ်တော် ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ကြပြီး အစိုးရကို ထိုကဲ့သို့ တိုက်တွန်း လိုက် ခြင်း ဖြစ်သည်။

၂၀၁၇ ခုနှစ် ဧပြီလနောက်ပိုင်းတွင် ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးဦး ဆောင်သည့် စက်စဲကမ်းခြေ သာယာ လှပရေး စည်းကမ်းကြီးကြပ်ရေး ကော်တီဖွဲ့စည်းခဲ့ပြီး အမှိုက်ကိစ္စ၊ ကမ်းခြေက ဈေးဆိုင်ကိစ္စများ ဖြေရှင်း နိုင်မှုရှိခဲ့သော်လည်း ရေစီးရေလာ ကောင်းမွန်စေရေး၊ မြေပိုင်ဆိုင်မှု၊ စက်စဲ၏ စီးပွားရေးလုပ်ငန်း ရာခိုင် နှုန်းတစ်ဝက်ကျော်ကို လုပ်ကိုင်နေ သည့် လုပ်ငန်းရှင် ဦးပါစိန်နှင့် ပတ်သက်သည့်ကိစ္စ အစရှိသည့် အစီရင်ခံစာပါ အသေးစိတ် အချက် အလက်များ ပိုမိုအကောင်အထည် ဖော်နိုင်ရန် ယင်းသို့ တိုက်တွန်းခြင်း ဖြစ်ကြောင်း မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်း ကာကွယ် စောင့်ကြည့်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ပြော သည်။
“စက်စဲကျေးရွာအုပ်ချုပ်ရေးမှူး သည် လုပ်ငန်းရှင်ဖြစ်နေတယ်၊ စက်စဲ တစ်ခုလုံးရဲ့ စီးပွားရေးလုပ်ငန်းရာခိုင်နှုန်းတစ်ဝက်ကျော်လောက်က သူပဲ လုပ်နေတယ်၊ စည်းကမ်းထိန်းသိမ်းရေး အဖွဲ့ဥက္ကဋ္ဌကလည်းသူပဲ”ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့သော အနေအထား ကြောင့် အထိန်းအထေလုပ်ရခက်နေ ပြီး နယ်မြေခံလွှတ်တော်ကိုယ်စားလှယ် များက ညှိနှိုင်းသော်လည်း ထိရောက်မှု မရှိဟု ပြောသည်။
ယခင်အစိုး ရလက်ထက်က ပြည်နယ်အစိုးရ၊ မြို့နယ်အုပ်ချုပ်ရေးနှင့် မြို့နယ်စည်ပင်သာယာရေးတို့၏ ကြီးကြပ်မှုဖြင့် စက်စဲကျေးရွာ အုပ်ချုပ် ရေးမှူး ဦးဆောင်သည့် ကမ်းခြေစည်း ကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းခဲ့သော် လည်း အသက်မဝင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“တကယ်တန်းထိန်းချုပ်သင့်တာစီမံခန့်ခွဲသင့်တာ ပြည်နယ်အစိုးရပါပဲ”ဟု သထုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့ က ပြောသည်။
အစီရင်ခံစာတွင် စက်စဲကမ်းခြေ တွင် အမှိုက်သိမ်းဆည်းမှုမရှိ၊ ရေစီးရေ လာအတွက် ရေမြောင်းနှင့် ရေမြောင်း စနစ်မရှိဟု ဖော်ပြထားသည့်အပြင် ဦးပါ စိန် လုပ်ကိုင်နေသည့် ဧည့်ရိပ်သာ၏ သန့်ရှင်းမှု အားနည်းသည့် ကိစ္စလည်း ပါဝင်သည်။

ဦးပါစိန်ကမူ ၎င်းနှင့် ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်များ၏ စိစစ် တင်ပြချက်များတွင် အချို့မှာ ကွဲလွဲမှု ရှိနေသည်ဟု ဒီဇင်ဘာလ ၁၄ ရက်နေ့ က ပြောသည်။
ကမ်းခြေရှိ လုပ်ငန်းတစ်ခုအား ၎င်း၏ အမျိုးသမီးအမည်ဖြင့် လုပ်နေ သည်ဟူသည့်အချက်မှာ မဟုတ်မှန် ကြောင်းနှင့် ဌာနဆိုင်ရာ ၄ ခုမှ လုပ်ငန်း များကို ငှားရမ်းလုပ်ကိုင်ထားသည့် လုပ် ငန်းများကို လွန်ခဲ့သည့် အနှစ် ၂၀ ၊ ၁၅ နှစ် ဝန်းကျင်ကတည်းက စလုပ် ကိုင်လာကာ ပုံမှန်ငွေပေးသွင်းကာ စည်း မျဉ်းစည်းကမ်းလုပ်ထုံးလုပ်နည်းနှင့် အညီ လုပ်ကိုင်နေသည်ဟု ပြော သည်။

“ကျွန်တော့်အနေနဲ့က လက်ရှိအနေ အထားမှာ ကျွန်တော့်အပိုင်းရော စက်စဲ ကမ်းခြေသာယာလှပရေးအပိုင်းမှာ ရော တတ်နိုင်တဲ့ အနေအထားနဲ့ နောက်တ ခါ ကျွန်တော်လုပ်ဆောင်တဲ့အပိုင်းမှာလဲ မူဘောင်စည်းကမ်းနဲ့ ခေတ်နဲ့အညီ လုပ်ဆောင်နေတယ်လို့ပဲ ပြောချင်တယ်၊ ကျန်တဲ့ဟာတွေတော့ ကိုယ်စားလှယ် တွေ တင်တာကိုတော့ ကျွန်တော် မသိပါ ဘူး”ဟု ဦးပါစိန်က ဆိုသည်။

အစီရင်ခံတွင် စက်စဲကမ်းခြေစီမံ ခန့်ခွဲမှုသည် အသက်မဝင်ကြောင်း၊ ကမ်းခြေရှိ ပျံကျဈေးရောင်းသူများကိုထိန်းချုပ်ရန် အစိုးရမှ ဒေသန္တရအမိန့်ထုတ်ပြန်သင့်ကြောင်းလည်း ဖော်ပြပါရှိ သည်။
မွန်ပြည်နယ်လွှတ်တော် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့် ကြည့်ရေးကော်မတီ၏ စက်စဲကမ်းခြေ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းနေမှုကိစ္စ နှင့် ပတ်သက်သည့် အစီရင်ခံကို လွှတ် တော်တွင် မှတ်တမ်းတင်ထားပြီးအစီရင် ခံစာပါ တွေ့ရှိချက် သုံးသပ်ချက် အကြံပြုံချက်များ ဆောင်ရွက်နိုင်ရန် အတွက် လွှတ်တော်မှ ပြည်နယ်အစိုးရ သို့ ပေးပို့သွားမည်ဖြစ်သည်။