ကော့သောင်းခရီးသွားလုပ်ငန်းအတွက် အဏ္ဏဝါကျွမ်းကျင်မွမ်းမံသင်တန်းပေး

0
389

ကော့သောင်းဒေသခရီးသွားလုပ်ငန်းအတွက် ဒေသခံများအား အဏ္ဏဝါကျွမ်းကျင်မွမ်းမံသင်တန်းကို ဒီဇင်ဘာ လ ၁၁ ရက်နေ့မှ စတင်သင်ကြားပေးလျက် ရှိသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာခြင်းအတူ ခရီးသွားများကြောင့် ရေ အောက်သယံဇာတများ ပျက်စီးဆုံး ရှုံးမှု မရှိစေအောင် ကာကွယ်နိုင်ရန်နှင့် ခရီး သွားလုပ်ငန်းနှင့် ပက်သက်သည့် လို အပ်ချက်များကို နားလည်တတ်မြောက် လာစေရန် ရည်ရွယ်၍ အဆိုပါသင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီးဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှူးဦးစီးဌာနထံမှ သိရသည်။

“RG(ဒေသခံ ဧည့်လမ်းညွှန်)တွေ အတွက် ခရီးသွားလုပ်ငန်းတွေမှာ စနစ် တကျဖြစ်အောင် လက်ရှိလုပ်နေတဲ့သူ တွေကို မွမ်းမံသင်တန်းပေးတာ၊ သူတို့ တွေကို နောက်ပိုင်းဂိုက်(guide)သင် တန်းတွေ ဆက်ပေးပြီးရင် ပိုပြီး စနစ် ကျလာအောင် ရည်ရွယ်တာ”ဟု တနင်္သာရီ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ဌာနမှ တိုင်းဦးစီးမှူး ဦးညိုအေးက ပြောသည်။

နှစ်ပတ်ကြာစာတွေ့လက်တွေ့ သင်ကြားပေးမည့် အဆိုပါသင်တန်းကို ကော့သောင်းမြို့ အဏ္ဏဝါရပ်ကွက်ကမ်း နားလမ်းရှိTZKကုမ္ပဏီရုံးတွင် ပြုလုပ် လျက်ရှိပြီး ကော့သောင်းဒေသခံ ၆၄ ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။