ကော့သောင်းခရိုင်တွင် နိုင်ငံသား စိစစ်ရေးကတ် ထုတ်ပေးထားသည့် ဆလုံလူမျိုး ရှစ်ရာနီးပါးရှိ

0
487

ကော့သောင်းခရိုင်အတွင်း နိုင်ငံ သားစိစစ်ရေးကတ် ထုတ်ပေးထားသည့် ဆလုံလူမျိုးရှစ်ရာနီးပါးရှိပြီဖြစ်ကြောင်း ခရိုင်လူဝင်မှုကြီးကြပ်ရေးဌာနနှင့်ပြည်သူ့အင်အားဆိုင်ရာရုံးထံမှ သိရသည်။

ပျောက်ကွယ်သွားနိုင်သည့် လူ နည်းစုဖြစ်နေသော ဆလုံလူမျိုးများအား အထောက်အထားရှိစေရန်နိုင်ငံသား စိ စစ်ရေးကတ်ပြားများကို ကွင်းဆင်းပြု လုပ်ပေးထားကြောင်း ကော့သောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနမှ ဒုညွှန်မှူး ဦးသန့်ဇင်က ပြောသည်။

“လူဦးရေ စာရင်းအတိအကျရဖို့က ဆောင်ရွက်နေဆဲမို့ အတိအကျချပြလို့ မရသေးဘူး။ ဒါတွေက အချက်အလက် လွဲလို့ မရတာမို့ပါ”ဟု ဦးသန့်ဇင်က ဆိုသည်။

မှတ်ပုံတင်များကို ၁၉၉၀-၉၁ ခု နှစ်ကတည်းက စတင်ဆောင်ရွက်ပေးခဲ့ ခြင်းဖြစ်ပြီး မှတ်ပုံတင်ရရှိထားသူ ကျား ၃၅၆ ဦးနှင့်မ ၄၂၇ ဦး စုစုပေါင်း ၇၈၃ ဦး ရှိကြောင်း ၎င်းက ဆိုသည်။

ကော့သောင်းခရိုင်အတွင်း တလွန်း ဆလုံကျေးရွာ၊ မကြုံဂလက်ကျေးရွာ၊ ညောင်ဝိကျေးရွာ၊ ဂျလန်းကျေးရွာ၊ ဂျာ အုန်းကျေးရွာ၊ အလယ်မန်ကျေးရွာ၊ လ ငန်းကျေးရွာတို့တွင် ဆလုံ၊ မွန်-ဆလုံ၊ ကရင်-ဆလုံ၊ ပအို့ဝ်-ဆလုံနှင့်ရှမ်း-ဆ လုံလူမျိုးများ နေထိုင်ကြောင်း သိရသည်။