စက်ပျက်ပြီး မျောနေသည့်လှေကို သွားကူညီရာက တရားမဝင် ဒီဇယ် ဂါလံ တစ်သောင်းခန့်ဖမ်းမိ

0
477

ထားဝယ်ခရိုင် ဟိဇ္ဇဲဘုတ်ကျွန်း အနောက်ဘက်ရှိ ပင်လယ်ပြင်တွင် စက်ပျက်ပြီးမျောနေသည့် သွားရောက် ကူညီရာမှ တရားမဝင်ဒီဇယ်ဂါလံ တစ်သောင်းခန့်ကို နိုဝင်ဘာလ ၂၆ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဟိန္ဇဲဘုတ်ကျွန်း အနောက်ဘက် ၁၄၄ မိုင်ခန့်အကွာ ပင်လယ်ပြင်တွင် စက်ပျက်၍ မျောနေသော လှေတစ်စီးကို တပ်မတော် (ရေ)မှ ဘုရင့်နောင် စစ်ရေ ယာဉ်က ကူညီရန်သွားရောက်ရာမှ တရားမဝင် ဒီဇယ်များကို အမျိုးသား ၇ ဦးနှင့်အတူ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းအရ သိရသည်။
အလျားပေ ၉၀ ခန့်ရှိသည့် အဆို ပါ ဆီသယ်လှေပေါ်မှ ဒီဇယ်ဆီကို အမည်မသိ အခြားဆီသယ်လှေတစ်စီး ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ဧရာဝတီတိုင်း ဘိုကလေးမြစ်ဝအနီးရှိ ငါးဖမ်းလှေ များသို့ ပြန်လည်ရောင်းချမည်ဖြစ် ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

အဆိုပါ ဆီသယ်လှေကို ရန်ကုန် တိုင်း ဒလမြို့နေသူက ပိုင်ဆိုင်ပြီး ဘိုကလေးမြို့မှ နိုဝင်ဘာလ ၂၂ ရက်က ထွက်ခွာလာကြောင်း ရဲမှတ် တမ်းအရ သိရသည်။
လှေပေါ်တွင် ပါရှိသူ အမျိုးသား ၇ ဦးကို သွင်းကုန်သွင်းကုန် ဥပဒေ ပုဒ်မ-၈ အရ ကံပေါက်နယ်မြေ ရဲစခန်း တွင် အမှုဖွင့်အရေးယူထားကြောင်း တိုင်းရဲမှတ်တမ်းတွင် ဖော်ပြထားသည်။