မြိတ် ငါးလေလံဈေး ဘာကြောင့် ကြန့်ကြာနေသလဲ

0
481

မြိတ်တွင် အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေး ပြန်လည်အကောင် အထည်ဖော်နိုင်ရေးအတွက် ကြန့်ကြာမှု များရှိနေသည်။
မြိတ် အပြည်ပြည်ဆိုင်ရာငါးလေလံ ဈေးကို ၂၀၀၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ ပြီး ၂၀၀၃ ခုနစ်တွင် လုပ်ငန်းရပ်နားခဲ့ သည်။ ထိုနောက် ၂၀၁၆ ခုနှစ်မေလတွင် ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ ခေါ်ယူကာ လုပ်ငန်းပြန်လည်ပတ်ရန်စိုင်း ပြင်ခဲ့သည်။

သို့သော် အချိန် ၁၈ လ ကျော်အကြာ လက်ရှိအချိန်အထိ လုပ်ငန်းပြန်လည် ပတ်နိုင်ခြင်း မရှိသေးပေ။
မြိတ် အပြည်ပြည်ဆိုင်ရာငါး လေလံဈေး အကောင်အထည်ဖော်ရေး က အဘယ်ကြောင့် ကြန့်ကြာနေရ သနည်း။
ယင်းငါးလေလံဈေး အကောင် အထည်ဖော်ရန်အတွက် ပြည်ထောင်စု အစိုးရ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ခွင့်ပြုချက် အပိုင်းတွင် ကြန့်ကြာနေရခြင်းဖြစ် ကြောင်း ငါးလေလံဈေး အကောင် အထည်ဖော်မည့် MFIJV ကုမ္ပဏီ၏ အမှုဆောင်ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်း က ပြောသည်။
ယင်းသို့ ကြန့်ကြာနေရခြင်းမှာ ဥပဒေနှင့်အညီ လုပ်ဆောင်နိုင်ရန် အတွက် စိစစ်နေခြင်းကြောင့် ဖြစ် ကြောင်း နေပြည်တော်အခြေစိုက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်း ဝန် ဦးလှထွန်းက ပြောကြားသည်။

“ဥပဒေနဲ့အညီဖြစ်အောင် စိစစ် နေလို့ ကြာနေတာပါ။ အကြောင်း အကြောင်းကြောင့် ဆွဲနေတာမဟုတ် ပါဘူး” ဟု ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်းက ပြောသည်။
မြိတ် ငါးလေလံဈေးကိုMyanmar Fisheries International Joint Venture Limited (MFIJV Ltd) ကုမ္ပဏီက အကောင်အထည်ဖော် နေခြင်း ဖြစ်သည်။
ယင်းကုမ္ပဏီတွင် အစိုးရပိုင် ငါးလုပ်ငန်းဦးစီးဌာနက ၃၀ ရာခိုင်နှုန်း၊ ပြင်သစ်နိုင်ငံသားပိုင်Setraco Inter-national Limited က ၆၀ ရာခိုင်နှုန်း နှင့် ရန်ကုန်အခြေစိုက်Asia Blue Line ကုမ္ပဏီက ၁၀ ရာခိုင်နှုန်း ထည့် ဝင်ထားသည်။

အဆိုပါလုပ်ငန်းအတွက် အမေရိ ကန်ဒေါ်လာသန်း ၇၀ ရင်းနှီးမြှုပ်နှံ ခွင့်ရထားပြီး မြေပြင်တွင် အမေရိကန် ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံထား ပြီးဖြစ်သည်ဟု ဆိုသည်။
လုပ်ငန်းထပ်မံတိုးချဲ့ရန် အမေရိကန် ဒေါ်လာသန်း ၂၀ အား ပြင်သစ်နိုင်ငံမှ လွှဲပို့ရန် အသင့်ဖြစ်နေပြီး ငွေလွှဲခွင့်ရရန်ငါးလုပ်ငန်းဦးစီးဌာနမှ ရင်းနှီးမြှုပ်နှံ မှုကော်မရှင်အား ထောက်ခံတင်ပြရမည် ဖြစ်ကြောင်း MFIJV Ltd ထံမှ သိရ သည်။
“ကျွန်တော်တို့က လုပ်ထုံးလုပ် နည်းတွေ သက်ဆိုင်ရာဌာနတွေရဲ့ သဘောထားမှတ်ချက်ကို တောင်းပါ တယ်။ တောင်းပြီးတော့ စီးပွားရေးကော် မတီကိုတင်ထားပါတယ်” ဟု ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးလှထွန်းက ဆို သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားသည့် ဗဟိုစီးပွားရေး ကော်မတီထံသို့ တင်ပြထားပြီး ယင်း ကော်မတီက သက်ဆိုင်ရာဌာနအဖွဲ့ အစည်းမျာကို သဘောထားမှတ် ချက်တောင်းရာတွင် မြန်မာနိုင်ငံ ရှေ့နေချုပ်ရုံးက အသင်းအဖွဲ့စည်း မျဉ်းကို ပြင်ဆင်ရန်ထောက်ပြထား သည်ဟု ၎င်းက ဆိုသည်။
ထပ်မံ လုပ်ကိုင်မည့် လုပ်ငန်းတွင် ငါးလုပ်ငန်းဦးစီးဌာနက ပူးတွဲပါဝင် လိုခြင်း မရှိတော့သည့်အတွက် ငါးလုပ် ငန်းဦးဌာနက ယင်းလုပ်ငန်းမှနုတ် ထွက်ရန် အသင်းအဖွဲ့စည်းမျဉ်းမျဉ်းကို ပြင်ရန်လိုအပ်သည့်အတွက် ယင်းသို့ ထောက်ပြခြင်းဖြစ်သည်ဟု ဆိုသည်။

ငါးလုပ်ငန်းဦးစီးဌာနက MFIJV Ltd မှ နုတ်ထွက်မည်ဆိုပါက ရှယ်ယာ များကို ကျန်ကုမ္ပဏီနှစ်ခုထံ လွှဲပြောင်း ပေးရမည်ဖြစ်သည်။ သို့သော်လည်း MFIJV Ltd ၏ အသင်းအဖွဲ့စည်းမျဉ်း အရ ရှယ်ယာကို ငါးလုပ်ငန်းဦးစီးဌာနက ကျန်ကုမ္ပဏီနှစ်ခုထံ လွှဲပြောင်းခွင့်မရှိဘဲ ငါးလုပ်ငန်းဦးစီးဌာနကသာ ကျန်ကုမ္ပဏီ နှစ်ခု၏ ရှယ်ယာကို လွှဲပြောင်းရယူခွင့် ရှိသည်။
ယင်းအသင်းအဖွဲ့စည်းမျဉ်းကို ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် ငါးလုပ် ငန်းဦးစီးဌာနတို့ ဆွေးနွေးညှိနှိုင်းကာ ပြင်ဆင်လျှက်ရှိသည်ဟု ဦးလှထွန်းက ပြောသည်။
ငါးလုပ်ငန်းဦးစီးဌာနက MFIJV Ltdမှ နုတ်ထွက်မည်ဆိုပါက အသင်း အဖွဲ့စည်းမျဉ်းတွင် စာပိုဒ်တစ်ပိုဒ် ထပ် ဖြည့်ရန် လိုအပ်ကြောင်း ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ယခုနှစ် မတ်လ ၁၄ ရက်နေ့တွင် သဘောထား မှတ်ချက်ပေး ထားပြီးဖြစ်ကြောင်း MFIJV Ltd ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ ဒေါ်ဌေးဌေးဝင်းက ပြောသည်။
၎င်းအပြင် ၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက်နေ့က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် (MIC) ရုံးတွင် ပြုလုပ်သည့် အစည်းအဝေးတွင်လည်း ပြည်ထောင်စုရှေ့နေချုပ်ရုံးအနေဖြင့် MIC ၏ ဥပဒေအတိုင်းဆက်လုပ်ရန် သဘောတူ မှတ်ချက်ပေးပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

“ဒါသည် ရှေ့နေချုပ် ဥပဒေအကြံ ပေးဌာန၏ အလုပ်မဟုတ်ပါဘူး။ MIC ရဲ့သဘောထားပါလို့ အဲလိုမှတ်ချက် ပြုပြီးသားပါ။ စာချုပ်ကိုပြင်လို့ ကြန့်ကြာတယ်ဆိုရင် အချိန် ၁၈ လ လောက်ကြာဖို့လိုလား” ဟု ဒေါ်ဌေးဌေးဝင်း က မေးခွန်းထုတ်သည်။
MFIJV ဖက်စပ်ကုမ္ပဏီ၏ သဘောတူစာချုပ်အရ ငါးလုပ်ငန်း ဦးစီး ဌာနက လုပ်ငန်းအတွက်လိုအပ် သည့် ခွင့်ပြုချက်အဆင့်ဆင့် ရရှိရန်အတွက် လည်းကောင်း၊Setraco International Limited(SI Ltd)က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရှာဖွေရန် အတွက်လည်းကောင်း၊Asia Blue Line ကုမ္ပဏီက ငါးလုပ်ငန်း ဦးစီးဌာနနှင့် SI Ltd အကြား၊ ဒေသခံ အဖွဲ့အစည်းများအကြား စေ့စပ်ညှိနှိုင်း ရန် တာဝန်ရှိကြောင်း ဒေါ်ဌေးဌေးဝင်းက ပြောသည်။
ကုမ္ပဏီနှစ်ခုမှာ တာဝန်ယူထား သည့်အပိုင်းများကို ကျေပြွန်သော်လည်း လက်ရှိအချိန်အထိ လိုအပ်သည့် ခွင့်ပြု ချက်များမရသေးသည်က ငါးလုပ်ငန်း ဦးစီးဌာနယူထားသည့် တာဝန်မကျေ ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ယင်းအချက်များအပြင် ငါးလေလံ ဈေးကို စတင်လုပ်ဆောင်ခဲ့စဉ်က ငွေကြေးကိစ္စများနှင့် ပတ်သက်၍ ငါး လုပ်ငန်းဦးစီးဌာနနှင့် MFIJV အကြား အပြန်အလှန် တရားစွဲဆိုမှုများ ရှိခဲ့ ကြောင်း သိရသည်။
သို့သော် ယင်းသို့သော တရားစွဲ ဆိုမှုများက ဝန်ကြီးဌာန၏ ထောက်ခံ ချက်ရရေးတွင် သက်ရောက်မှုမရှိဟု ဒေါ်ဌေးဌေးဝင်းက ပြောသည်။
ယင်းငါးလေလံဈေးနှင့် ပတ်သက် ၍လည်း အမြန်လုပ်ဆောင်ရန် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ကလည်း တွန်းအားပေးလျက်ရှိကြောင်း ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှထွန်း က ဆိုသည်။

“အဲဒါ (စည်းမျဉ်းပြင်ခြင်း) ပြေလည် မှာပါ။ ဒါကလည်း သိပ်မကြာခင်ပြီးနိုင် ပါတယ်။ ဆွေးနွေးတာခဏပါ။ ပြေ လည်အောင်လုပ်နေပါတယ်” ဟု ဦးလှထွန်းက ဆိုသည်။
မြိတ်အပြည်ပြည်ဆိုင်ရာ ငါးလေလံ ဈေးသည် MIC ၏ ခွင့်ပြုချက်ရထား ပြီးသော်လည်း ကြန့်ကြာမှုများရှိနေသည့် အပေါ် မြို့ခံလူထုကလည်း ဝေဖန်လျှက် ရှိသည်။ ယင်းကဲ့သို့ ကြန့်ကြာမှုများ ရှိနေစဉ် သရက်ချောင်း ငါးလေလံဈေး အကောင်အထည်ဖော်ရေး တနင်္သာရီ တိုင်းဒေသကြီး ဝန်ကြီးချုပ်ကိုယ်တိုင် အားတက်သရောဆောင်ရွက်နေသဖြင့် မြိတ်ဒေသခံတို့ အကြား ဆွေးနွေးစရာ ဖြစ်လာသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း တွင် ဥပဒေနှင့် အညီပြုလုပ်ထားသည့် ငါးဈေးကွက်ကို အစိုးရအနေနှင့် အမြန် ဆုံးခွင့်ပြုပေးရန် လိုအပ်ကြောင်း တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲ တနင်္သာရီတိုင်းဒေသကြီး အဖွဲ့ ခေါင်းဆောင် ဦးအောင်နိုင်ဦးက ပြောကြားခဲ့သည်။
“ဥပဒေနဲ့ ညီတယ်ဆိုတာ ရင်းနှီး မြှုပ်နှံမှုဥပဒေလည်းပါတယ်။ တည်ဆဲ ဥပဒေ နည်းဥပဒေတွေနဲ့အညီ လုပ်ထား တဲ့ ငါးဈေးကွက်ကို ဆိုလိုတာပါ” ဟု ၎င်းက ပြောသည်။
သရက်ချောင်း ငါးလေလံဈေးသို့ ဒုတိယသမ္မတ လာရောက်လည်ပတ် ပြီးနောက် ရက်အနည်းငယ်အကြာတွင် ပင် မြိတ်တွင် ဆွေးနွေးပွဲတစ်ခု ပေါ်လာသည်။

မြိတ်ဒေသတွင်း ငါးဈေးကွက် ဥပဒေနှင့် အညီ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မြိတ် အခြေစိုက် ရေလုပ်ငန်းရှင်များ၊ ငါး လုပ်ငန်းရှင်များ၊ လွှတ်တော်ကိုယ်စား လှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများ နှင့် ဒေသခံများပါဝင်သည့် တွေ့ဆုံပွဲ တစ်ခုကို ဒီဇင်ဘာလ ၆ ရက်နေ့က မြိတ် ကမ်းနားလမ်းရှိ ပုလဲရတနာခန်းမ တွင် ပြုလုပ်ခဲ့သည်။
ယင်းဆွေးနွေးပွဲတွင် အသံမျိုးစုံ၊ ဝေဖန်မှုမျိုးစုံ ပြောဆို ငြင်းခုံ ဆွေးနွေး ခဲ့ကြသည်။
“ငါးလေလံဈေး ဘယ်မှာပဲ လုပ် လုပ်ပါ။ ရောင်းချင်တဲ့သူက ရောင်းပါ မယ်။ မရောင်းချင်တဲ့ သူက မရောင်းပါ ဘူး”ဟု ဆွေးနွေးပွဲ တက်ရောက်လာသော ဒေသခံတစ်ဦးက ဆိုလေသည်။