ရေသန့်တွင် အမှုန်အမွှားတွေ့က တိုင်ပါ

0
405

ဈေးကွက်အတွင်း ရောင်းဝယ် အသုံးစွဲနေသည့် ရေသန့်များတွင် အမှုန် အမွှားများ ပါဝင်နေပါက လာရောက် တိုင်ကြားနိုင်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး အစားအသောက်နှင့် ဆေး ဝါး ကွပ်ကဲရေးဦးစီးဌာန(FDA)မှ တိုင်းတာဝန်ခံက ပြောသည်။

တိုင်ကြားလာပါက ဈေးကွက်အ တွင်း နမူနာကောက်ယူကာ ဓာတ်ခွဲခန်း သို့ ပို့ဆောင်စစ်ဆေးသွားမည်ဖြစ်ပြီး ရေမသန့်ကြောင်း အဖြေထွက်လာပါက ဥပဒေအရ အရေးယူမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း FDA တိုင်းဒေ သကြီး တာဝန်ခံ ဒေါက်တာ ဟိန်းမင်း ထက်အောင်က ပြောသည်။

“ရေသန့်ဆိုတာ ဘာအရောင်အ ဆင်း၊ ဘာအမှုန်အမွှားမှ ပါနေလို့ မရဘူး” ဟု ဒေါက်တာ ဟိန်းမင်းထက်အောင်က ဆိုသည်။
ထားဝယ်ဈေးကွက်တွင် ဖြန့်ချိ ရောင်းချနေသည့် ရေသန့်အမှတ်တံဆိပ် အချို့တွင် ယင်းကဲ့သို့ အမှုန်အမွှားများ ပါဝင်နေကြောင်း ပြောဆိုနေမှုများရှိ သည်။
သောက်ရေသန့်ဘူး (၁ လီတာ)အချို့တွင် အဖြူရောင်ကဲ့သို့ အမှုန် အမွှားများ ပါနေသည်ကို တွေ့ရပြီး မသောက်ရဲသည့်အတွက် လွှင့်ပစ်လိုက် ရကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်ဟောင်း ရပ်ကွက်နေ အသက် ၄၄ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက ဆိုသည်။

“တိုင်နိုင်တယ်ဆိုတာထက် သက် ဆိုင်တဲ့ ဌာနတွေက အမြဲတမ်း စစ်ဆေး ပေးစေချင်တယ်၊ တိုင်သူက သက်သေ မခိုင်ရင် ပြန်ပြီး တရားစွဲခံရမှာ ကြောက် ကြမယ်ထင်တယ်”ဟု အဆိုပါ အမျိုးသား က ပြောသည်။
စားသုံးသူများ နစ်နာသည်ဟု ထင်မြင်ယူဆပါက စားသုံးသူရေးရာ ဦးစီးဌာနတွင်လည်း သွားရောက်တိုင် ကြားနိုင်ကြောင်း သိရသည်။