အင်းဖျားကန်ကို အများပြည်သူ အပန်းဖြေဧရိယာ ဖော်ဆောင်မည်

0
379

လောင်းလုံးမြို့၊ (က) ရပ်ကွက်ရှိ အင်းဖျားကန်အား ပြင်ဆင်မွမ်းမံကာ အများပြည်သူ အပန်းဖြေဧရိယာ ဖော် ဆောင်မည်ဖြစ်ကြောင်း လောင်းလုံးမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှသိရသည်။

ယင်းအပန်းဖြေဧရိယာအတွင်း ကလေးကစားကွင်း၊ လျှောက်လမ်း စသည်တို့ကို ဖြည့်ဆည်းနိုင်ရန် လိုအပ် သည့် ရန်ပုံငွေ သိန်းနှစ်ထောင်ကျော် ခန့်ကို တိုင်းဒေသကြီး အစိုးရထံ တောင်ခံထားကြောင်း မြို့နယ်အုပ်ချုပ် ရေးမှူး ဦးကျော်သူက ပြောသည်။

“ဘယ်အချိန် ပြီးမလဲဆိုတော့ ရန်ပုံငွေရရှိမှုပေါ်မှာ မူတည်ပြီးတော့ ဦးစားပေးအဆင့်အလိုက် အကောင် အထည် ဖော်သွားမှာပါ။ တစ်နှစ်တည်း ရန်ပုံငွေ အပြီးရရင်လည်း တစ်နှစ်တည်း ပြီးသွားမယ်”ဟု ၎င်းက ဆိုသည်။

ဆယ်စုနှစ် နှစ်ခုအကြာ တိမ်ကော နေသည့် အင်းဖျားကန်ကို ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မတ်လက လွှတ်တော်ဖွံ့ဖြိုး ရေးရန်ပုံငွေဖြင့် ပြန်လည်တူးဖော်ခဲ့ပြီး နောက် ယင်းကန်ကို ပြန်လည်ပြုပြင် မွန်းမံကာ အပန်းဖြေဧရိယာအဖြစ် ဖော် ဆောင်ရန် စီစဉ်လာခြင်းဖြစ်သည်။
၁၉၉၇ ခုနစ် လောင်းလုံးမြို့နယ်တွင် တောင်ပြိုခဲ့ချိန်က တိပ်ကောပျောက်ကွယ် ခဲ့သည့် အင်းဖျားကန်ကို ရေအရေးပေါ် လိုအပ်သည့်အချိန်အသုံးပြုနိုင်ရန် ရည် ရွယ်၍ ပြီးခဲ့သည့်နှစ်က ပြန်လည်တူးဖော်ခဲ့ခြင်းဖြစ်ကြောင်း (က) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်က ပြော သည်။

ယင်းကန်ကို အစိုးရဌာနဆိုင်ရာ များနှင့် လွှတ်တော်ကိုယ်စာလှယ်များ၏ အကြံပြုချက်အရ ယင်းနေရာတွင် အပန်း ဖြေဧရိယာ တည်ဆောက်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း ဦးမြင့်အောင်က ပြောသည်။
အင်းဖျားကန် အကျယ်(အလျား ၄၃၂ပေ၊ အနံ ၁၂၀ပေ) အပါအဝင် အများပြည်သူ အပန်းဖြေဧရိယာအကျယ် မှာ ၂ ဧကခွဲနီးပါးရှိကြောင်း မြို့နယ်အုပ် ချုပ်ရေးမှူးရုံးထံမှ သိရသည်။
လက်ရှိတွင် အင်းဖျားကန်အားတူး ဖေါ်ထားပြီး ဖြစ်သော်လည်း မြေပြင်ရှင်း လင်းမှုများ လုပ်ဆောင်ထားခြင်းမရှိဘဲ တောင်ပြိုမြေပေါ်တွင် မြက်ပင်များ ထူ ထပ်စွာ ပေါက်ရောက်လျက်ရှိသည်။