သရက်ချောင်း – ထီးခီးလမ်း ဖောက်ရေး ဖြစ်နိုင်ခြေရှိ/မရှိ ကွင်းဆင်း စစ်ဆေး

0
473

ထိုင်း-မြန်မာနယ်စပ်တစ်ခုဖြစ် သည့် ထီးခီးနယ်စပ်ဂိတ်သို့ ထားဝယ် ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စုံစင်ဖျား ကျေးရွာအနီးမှ လမ်းဖောက်လုပ်ရန် အတွက် ဖြစ်နိုင်ခြေ ရှိ /မရှိကို ဒီဇင်ဘာလ ၆ ရက်နေ့က ကွင်းဆင်း စစ်ဆေးခဲ့ ကြောင်း တနင်္သာရီတိုင်းဒေသကြီး လမ်းဦးစီးဌာန ထံမှ သိရသည်။
စုံစင်ဖျားကျေးရွာအနီးမှ ထီးခီး နယ်စပ်အထိ အရှည် ၆၈ မိုင်ခန့်ရှိသည့် လမ်းကြောင်းတွင် ယခင်လမ်းအူကြောင်း ရှိပြီးဖြစ်ကာ အဆိုပါလမ်းကို အကောင် အထည်ဖော်ရန် ဖြစ်နိုင်ခြေရှိ / မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း လမ်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး က ဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့ က လာရောက်ခဲ့သည့် ဒုသမ္မတခရီးစဉ် တွင် ထားဝယ်စီမံကိန်း-ထီးခီး လမ်း ကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ ချိန်တွင် ဒုသမ္မတက မေးမြန်းသည့် အတွက် စုံစင်ဖျား-ထီးခီးလမ်းကြောင်း ကို ထည့်သွင်းကာ အဆိုပြု တင်ပြခဲ့ကြောင်း ၎င်းက ပြောသည်။
ယင်းလမ်းနှင့်ပတ်သက်၍ မြေပြင် စစ်ဆေးခြင်း အစီရင်ခံစာကို တင်ပြရန် ဒုသမ္မတက ညွှန်ကြားထားခဲ့သည်။

“ဒုသမ္မတဆီကို အခု ဒီဇင်ဘာလ ထဲမှာပဲ တင်ပြသွားမယ်”ဟု လမ်းဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းမင်းထွဋ် က ပြောသည်။
အဆိုပါလမ်းအပြင် ထားဝယ်စီမံ ကိန်း-ထီးခီးလမ်းကြောင်းကိုလည်း အကောင်အထည်ဖော်မည်ဟု ဦးဝင်းမင်း ထွဋ်က ဆိုသည်။
ထို့ကြောင့် စုံစင်ဖျား-ထီးခီးလမ်း ကြောင်းကို အကောင်အထည်ဖော် ဖြစ် မည်ဆိုပါက နယ်စပ်သို့ ဆက်သွယ်သည့် လမ်းကြောင်းနှစ်ခု ရှိလာမည်ဖြစ်သည်။
အကွာအဝေး ၉၇ မိုင်ခန့်ရှိသည့် ထားဝယ်စီမံကိန်း-ထီးခီးလမ်းကို အဆင့် မြှင့်တင်ရေးအတွက် ထိုင်းနိုင်ငံမှ ချေးငွေ ဘတ်သန်း ၄၅၀၀ ကို ရယူရန် ပြည်ထောင်စုအစိုးရအဖွဲ့က ဆုံးဖြတ် ထားပြီး ဖြစ်သည်။

ထိုင်းနိုင်ငံချေးငွေဖြင့် ထားဝယ် စီမံကိန်း-ထီးခီး လမ်းကြောင်းကိုသာအဆင့်မြှင့်မည်ဖြစ်ပြီး စုံစင်ဖျား-ထီးခီး လမ်းကြောင်းကိုမူ ဒေသတွင်းအသုံးပြု မည့်လမ်းအဖြစ်သာ ရည်ရွယ်ကြောင်း တိုင်းအစိုးရအဖွဲ့မှ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက ပြောသည်။
“ရေနက်ဆိပ်ကမ်းကို ရည်ရွယ် တယ်လို့ ပြောလို့မရဘူး၊ ဒီလမ်းက ရေနက်ဆိပ်ကမ်းကို ဦးမတည်ဘူး၊ ဒီလမ်းက ပြည်ထောင်စုလမ်းမကြီးကနေ မြို့ ၃ မြို့ကို ဖြတ်ရဦးမယ်ဆိုတော့ ရေ နက်ဆိပ်ကမ်းအတွက် အဆင်မပြေဘူး”ဟု ဝန်ကြီး ဦးဖြိုးဝင်းထွန်းက ဆိုသည်။

စုံစင်ဖျား-ထီးခီးလမ်းကိုအကောင် အထည်ဖော်ဖြစ်မည်ဆိုပါက မည်သည့် ငွေ(ချေးငွေသို့မဟုတ် အစိုးရဘတ်ဂျက်) ဖြင့်အကောင်အထည်ဖော်မည်ကို မသိရ သေးပေ။
လတ်တလောတွင် ထားဝယ် စီမံကိန်း- ထီးခီးလမ်းကိုသာ အဓိက ထား အကောင်အထည်ဖော် မည်ဖြစ်ပြီး အဆိုပါ လမ်းပိုင်းအဆင့်မြှင့်ပြီးပါကကနဦးအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး လာမည် ဖြစ်ကာဒေသဖွံ့ဖြိုး လာမည် ဖြစ်ကြောင်း ဦးဖြိုးဝင်းထွန်းက ဆိုသည်။
လက်ရှိ ကွင်းဆင်းတိုင်းတာနေသည့် စုံစင်ဖျား – ထီးခီးလမ်းမှာ တိုင်းအတွင်း ပြည်သူများအကြား ဝေဖန်မှု မြင့်တက် နေသည့် သရက်ချောင်း ငါးလေလံဈေး နှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။