တာဝန်ယူမှု ကကြီးခခွေး

0
509

ပြီးခဲ့တဲ့ ရက်ပိုင်းက ရေနံနဲ့သဘာဝ ဓာတ်ငွေ့လုပ်ငန်း စီမံကိန်းကြီးတစ်ခုရဲ့ လူမှုဆက်ဆံရေး အရာရှိတစ်ဦးနဲ့ စကား ပြောဖြစ်တယ်။ လတ်တလောမှာ စီမံကိန်းဖြစ်နိုင်ခြေအတွက် ကနဦးလေ့ လာမှုတွေ ပြုလုပ်လျက်ရှိပြီး နောင်မှာ အသစ်တည်ဆောက်ကောင်း တည်ဆောက် မယ့် ပိုက်လိုင်းစီမံကိန်းကြီး တစ်ခု အတွက် လူထုတွေ့ဆုံပွဲတွေ ပြုလုပ်တဲ့ အကြောင်း ပြောဖြစ်တာပါ။
ပြောဖြစ်ခဲ့တဲ့အထဲမှာ စီမံကိန်း အကြီးကြီးတွေ တည်ဆောက်ကြတဲ့နေရာမှာ မြေယာရယူခြင်းအကြောင်းက စိတ်ဝင် စားဖွယ်ကောင်းလှတယ်။ ပုံမှန်အားဖြင့် စီမံကိန်းပြုလုပ်နိုင်ဖို့အတွက် မြေယာကို မဖြစ်မနေ ရယူရမယ့် စီမံကိန်းမျိုးတွေမှာ အစိုးရရဲ့ ပါဝင်ပတ်သက်မှုက ကြီးကြီး မားမား ရှိတယ်။ စီမံကိန်းပြုလုပ်မည့် ဒေသမှာ နေထိုင်ကြတဲ့ ဒေသခံတွေရဲ့ မြေယာတွေကို ရယူတဲ့ နေရာမှာ သက်ဆိုင် ရာ ကုမ္ပဏီက တာဝန်ရှိသူတွေ ပါဝင်ပြီး အစိုးရက ဦးဆောင် လုပ်ကိုင်လေ့ ရှိပါ တယ်။

ဒီဘက်ခေတ်မှာ ကျယ်ကျယ်ပြန့် ပြန့်ပြောလာကြတဲ့ စကားက တာဝန်ယူ မှုရှိတဲ့ စီးပွားရေးလုပ်ငန်း – Responsible business ဆိုတာပါ။ များသော အားဖြင့် Responsible business လို့ ဆိုလိုက်တာနဲ့ လူတော်တော်များများ က Cooperate Social Responsibility – CSR လို့ ခေါ်တဲ့ ကုမ္ပဏီတစ်ခုခုက စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်တဲ့ နေရာ မှာ ဒေသခံပြည်သူတွေရဲ့ လူမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်တွေ ပြုလုပ်တာကို ပြေးမြင်လေ့ ရှိတတ်ကြ ပါတယ်။ မှန်ပါတယ်။ CSR ဟာ တာဝန် ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်း Respon-sible business ရဲ့ အစိတ်အပိုင်းတစ်ခု ပါ။ သို့ပေမယ့် တာဝန်ယူမှုရှိတဲ့ စီးပွား ရေးလုပ်ငန်း – Responsible business ဆိုတာCSRလုပ်ငန်းတွေထက်လည်း ပိုကျယ်ပြန့်ပါသေးတယ်။

ဥပမာတစ်ခု ပြောပါမယ်။
ပရိဘောဂ ပစ္စည်းတွေ ထုတ်လုပ် တဲ့ လုပ်ငန်းတစ်ခုဆိုပါစို့။ ကုမ္ပဏီဟာ သူတို့ ကုမ္ပဏီအမှတ်တံဆိပ်ပါတဲ့ ပရိဘောဂ အသုံးအဆောင်တွေကို ဈေး ကွက်မှာ နေရာ ကောင်းကောင်း ရထား တယ်ဆိုပါတော့။ စီးပွားရေးအရ အကျိုး အမြတ်လည်းများပြီး အစုရှယ်ယာတွေ ကို ကုမ္ပဏီရုံး စိုက်ရာမြို့က မြို့သူမြို့ သားတွေကိုလည်း ဝယ်ယူဖို့ ခွင့်ပြုထား ပါသေးတယ်။ ဘာသာရေး ကိုင်းရှိင်းတဲ့ ကုမ္ပဏီ ရုံးစိုက်ရာမြို့မှာ ပရိဘောဂကုမ္ပဏီ ဟာ နှစ်စဉ် နှစ်တိုင်း အလှူပွဲတွေလည်း ခြိမ့်ခြိမ့်သဲ ကျင်းပပါသေးတယ်။ ခြုံပြော ရရင် ပရိဘောဂကုမ္ပဏီဟာ မြို့သူမြို့သား တွေကြားမှာ ကောင်းသတင်းနဲ့ ကျော် ကြားပါတယ်။ ကုမ္ပဏီဟာ အခွန်လည်း မှန်မှန်ဆောင်တော့ တာဝန်ယူမှုရှိတဲ့ စီးပွားရေးလုပ်ငန်း – Responsible business လို့ ဆိုရင် ဆိုနိုင်ပါတယ်။

ဒါပေမဲ့ အထက်ပါ ပရိဘောဂ လုပ်ငန်းနဲ့ ပတ်သက်တဲ့ သုတေသန တစ်ခုထွက်လာတယ်။ တွေ့ရှိချက်တွေ ထဲမှာ ပရိဘောဂကုမ္ပဏီက အသုံးပြု နေတဲ့ ကုန်ကြမ်းသစ်သားတွေဟာ တရားမဝင်လမ်း ကြောင်းကနေ ရရှိ လာတဲ့ သစ်တွေဖြစ်ကြောင်း သုတေသန က အခိုင်အမာဆိုတယ်။ ဒါ့အပြင် အဲဒီ သစ်သားတွေ ထုတ်လာတဲ့ သစ်တော ပတ်ဝန်းကျင်မှာနေထိုင်တဲ့ ဒေသခံ ဌာနေတိုင်းရင်းသားတွေရဲ့ စားဝတ် နေရေး၊ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည် မှုနဲ့ ဓလေ့ထုံးတမ်းတွေဟာ တရားမဝင် သစ် အလွန်အကျွံထုတ်မှုတွေကြောင့် ကမ်းမဲ့ ပစ်တာမျိုး မလုပ်ဘူးဆိုတဲ့ ခံယူ ချက်မျိုးနဲ့ အလေ့အထကို ပျိုးထောင်ယူရ မှာ ဖြစ်ပါတယ်။

တာဝန်ယူမှု တာဝန်ခံမှုကိစ္စ ပြော ကြပြီဆိုရင် သူ့ကိုကိုယ်ကြည့်၊ ကိုယ့်ကို သူကြည့် လုပ်တတ်ကြတာလည်း သဘာဝ လို ဖြစ်နေတတ်ပါတယ်။
ဥပမာ အနေနဲ့ပြောရရင် နိုင်ငံသား တွေကို အခွန်ဆောင်လာကြအောင် စည်း ရုံးပြောဆိုတဲ့ နေရာမှာ ရလာတဲ့အခွန်ကို အစိုးရက ဘယ်နည်းဘယ်ပုံ ပွင့်လင်းစွာ တာဝန်ယူမှု တာဝန်ခံမှု ရှိရှိနဲ့ အသုံးပြု နေသလဲဆိုတာကို အမြဲမေးခွန်းထုတ်လေ့ ရှိကြတာမျိုးပါ။

ဒါကလည်း ထုတ်သင့်လို့ ထုတ် တာပါ။ ဒါပေမဲ့ အလေ့အကျင့်ကို ပျိုး ထောင်တဲ့ ရှုထောင့်က ကြည့်ရင်တော့ ဒါက စိုးရိမ်စရာ ကောင်းတဲ့အခင်းအကျင်း ပါ။
တာဝန်ယူမှု တာဝန်ခံမှုနဲ့ ပတ် သက်ပြီး နာမည်ကြီးတဲ့ အဆိုတစ်ခု ရှိ ပါတယ်။ ဘယ်သူက ပြောခဲ့လဲဆိုတာ မမှတ်မိပေမယ့် သူ့ဆိုလိုရင်းက “ပိုက်ဆံ ကို ခင်ဗျား ပိုင်တယ်။ ဒါပေမဲ့ အရင်း အမြစ်တွေကို နိုင်ငံတော် (နိုင်ငံသား အားလုံး)က ပိုင်တယ်” ဆိုတာမျိုးပါ။
ဒါကြောင့် ရေဖိုးတတ်နိုင်တိုင်း ရေ ကို သုံးတဲ့အဆင့်ထက်ကျော်ပြီး ဖြုန်းတီး တာမျိုး လုပ်တော့မယ်ဆိုရင် ကိုယ့်အ နေနဲ့တစ်ချက် သတိရသင့်တာက ကိုယ် ပိုင်တဲ့ပိုက်ဆံနဲ့ နိုင်ငံသားတွေရဲ့ အရင်း အမြစ်ကို ဖြုန်းတီးရာ မရောက်သင့်ဘူး ဆိုတာမျိုးပါ။

လျှပ်စစ်မီးသုံးရင်လည်း ဒီလိုပါပဲ။ ကိုယ့်အိမ်ထဲက မီးတစ်ပွင့်လင်းဖို့ ဘ၀ တွေ ဘယ်လောက်ထိ ရင်းရပြီးအရင်းအ မြစ်တွေ ဘယ်လောက်ထိ ပျက်စီးခံထား ရတယ်ဆိုတာကို ခေါင်းထဲတွေးမိဖို့ လို ပါတယ်။
ဘာလို့ဆို လျှပ်စစ်ဆိုတာ ဝါယာ ကြိုးထဲက ရတာမဟုတ်ဘူးလေ။

ဒီစာကို ဒယ်အိုးဆရာတော် ဦးသု မင်္ဂလရဲ့ပြောစကားလေးနဲ့ အဆုံးသတ် ချင်ပါတယ်။ “တာဝန်သိသူမှာ တာဝန်ရှိ ပါတယ်”တဲ့။ ဟုတ်ကဲ့။ ကျွန်တော်တို့ အနေနဲ့ တာဝန်ယူမှုရှိတဲ့ အစိုးရတစ်ရပ် ကို ရွေးချယ်နိုင်ဖို့၊ တာဝန်ယူမှုရှိတဲ့ စီး ပွားရေးလုပ်ငန်းတွေ ဖြစ်လာဖို့၊ တာဝန် ယူမှုရှိတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ထူထောင်နိုင်ဖို့အတွက် တာဝန် သိတတ် တဲ့ နိုင်ငံသားတွေ၊ တာဝန်ယူလို စိတ်ကို လက်တွေ့ အကောင်အထည်ဖော်တဲ့ နိုင်ငံသားတွေဖြစ်အောင် လေ့ကျင့်ကြ ရပါမယ်။
အောင်လွင်(ကံပေါက်သား)