ကျွန်းစုတွင် မိကျောင်း တစ်ကောင်မိ

0
421

၇ တောင် အရှည်ရှိ မိကျောင်း တစ်ကောင်ကို ကျွန်းစုမြို့နယ် ပဲ့တိုင် ရွာနှင့် စွန်တောင်ငယ်ရွာအနီးရှိ ရှင်မြတ် တောင်ကျွန်းတွင် ဒီဇင်ဘာလ ၇ ရက်နေ့ မွန်းလွှဲ ၅ နာရီအချိန်ခန့်က ဖမ်းဆီးရမိ ခဲ့ကြောင်း ယင်းရွာသားတို့မှ သိရသည်။

ရှင်မြတ်တောင်ကျွန်းပေါ်တွင် ရဟန္တာ ရုပ်ထု ၅၀၀ အပါး ထုလုပ် နေသူ ဦးမောင်ပိုဆိုသူမှ ရှင်ကြီးအိမ် (ကျွန်းပိုင်နတ်) အိမ်အနီး ကုန်းပေါ် တက်လာသည့် မိကျောင်းတစ်ကောင် တွေ့ရှိခဲ့ပြီး မီးသွေးဖောင်း အလုပ်သမား တို့နှင့်အတူ ဖမ်းဆီးခဲ့ကြောင်း ရွာသား အချို့ထံမှ သိရသည်။

မိကျောင်းအား ဖမ်းဆီးရမိထား ကြောင်းကို သစ်တောဌာန တာဝန်ရှိသူ တို့အား ဖုန်းဆက်အကြောင်းကြားခဲ့ ကြောင်း စွန်တောင်ငယ်ရွာနေ ဦးထွန်း အေးက ပြောပြသည်။
ဖုန်းဆက်အကြောင်းကြားထားပြီး ဖြစ်သော်လည်း ည ၉ နာရီခွဲ အချိန် ခန့်တွင် မိကျောင်းအား ချည်နှောင်ထား သည့် ကြိုးပြတ်ပြီး ပြန်လွတ်သွားခဲ့ ကြောင်း ပဲ့တိုင်ရွာနေ ဦကြီးလှက ပြော သည်။