သိန်း ကိုးဆယ်ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပျောက်ပြီး တစ်လခန့်ကြာမှ အမှုဖွင့်

0
499

ထားဝယ်မြို့တွင် ငွေကျပ် သိန်း ၉၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ပျောက်ဆုံးသွားခဲ့ပြီး တစ်လခန့်ကြာ သည့်အချိန်မှ လာရောက်အမှုဖွင့်ထား ကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။

ထားဝယ်မြို့ ဝဲကျွန်း ထိန်လယ်ရပ် ကွက်ရှိ နေအိမ်တစ်အိမ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၃၀ ရက်နေ့က ငွေကျပ် ၉၂ သိန်းကျော် တန်ဖိုးရှိ ရွှေထည် ပစ္စည်းများ ပျောက်ဆုံးသွားခဲ့ပြီး နိုဝင်ဘာလ ၂၂ ရက်ရောက်မှသာ လာ ရောက် အမှုဖွင့်ခဲ့ကြောင်း ထားဝယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆိုသည်။

အဆိုပါနေအိမ် အိပ်ခန်းရှိ ဘီဒို အတွင်း ထည့်ထားသည့် ရွှေထည်များ ပျောက်ဆုံးခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ကိုယ် တိုင် စုံစမ်းနေခဲ့ကာ မရသည့်အချိန်တွင် ရဲစခန်းတွင် အမှုလာဖွင့်ခဲ့ခြင်းဖြစ် ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

“သူတို့ဟာ သူတို့ စုံစမ်းပြီး ရှာနေ ကြတာ၊ မရတော့မှ ရဲစခန်းမှာ အမှုလာ ဖွင့်ကြတာပါ”ဟု အထက်ပါ ရဲအရာရှိက ပြောသည်။
အဆိုပါ ရွှေထည်ပစ္စည်း ပျောက် ဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ရာဇသတ် ကြီးပုဒ်မ-၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း ထားဝယ်မြို့မ ရဲစခန်းထံမှ သိရသည်။