ကျိုက်မရော အကျဉ်းထောင်သစ် ဆောက်လုပ်မှု ၈၅ ရာခိုင်နှုန်းပြီးစီး

0
502

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ရှိ ကျိုက်မရောအကျဉ်းထောင်သစ် တည် ဆောက်မှု ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဟု မွန်ပြည်နယ် အကျဉ်းဦးစီးဌာနမှ ပြည်နယ် ဦးစီးမှူးက ပြောသည်။
အဆိုပါ အကျဉ်းထောင်သစ်ကို ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စကာ ဘဏ္ဍာနှစ်အလိုက် ရရှိသည့် ဘတ်ဂျက် အပေါ် မူတည်ပြီး ဆောက်လုပ်ခဲ့သည်။

“၂၀၁၉-၂၀ လောက်မှ ပြီးလောက် မယ်၊ ကျွန်တော်တို့လည်း မြန်မြန်ပြီးစေ ချင်တယ်၊ ကျပ်တည်းတဲ့နေရာက အ ကျဉ်းသားတွေ ရွှေ့ပေးရအောင် အဓိက က နိုင်ငံတော်က ချပေးတဲ့ ဘတ်ဂျက် ပေါ် မူတည်ပြီးတော့ လုပ်ရတာကို”ဟု မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ ပြည် နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က ပြော သည်။

အကျဉ်းထောင်သစ် ပြီးစီး၍ ပြောင်းရွှေ့ပြီးပါက လက်ရှိအကျဉ်း ထောင်ဖြစ်သည့် ကျိုက်မရောအကျဉ်းထောင်(မော်လမြိုင်)ကို နိုင်ငံတော်က မည်သို့ ဆက်လက်လုပ်ဆောင်မည်ကို ပြောကြားထားခြင်း မရှိသေးဟု အ ထက် ပါ ပြည်နယ်ဦးစီးမှူးက ပြောသည်။

အကျဉ်းသားတစ်ထောင်ဆံ့(က) အဆင့်ရှိ ကျိုက်မရောအကျဉ်းထောင် သည် ကျိုက်မရောမြို့နယ်၊ ရေတွင်း ကုန်းကျေးရွာအနီး မြေဧက ၂၅၆ ဒသမ ၆၆ နေရာတွင် တည်ဆောက် လျက်ရှိ သည်။
မွန်ပြည်နယ်တွင် အကျဉ်းသား တစ်ထောင်ဆံ့(က) အဆင့်ရှိ ကျိုက်မ ရောအကျဉ်းထောင် (မော်လမြိုင်) နှင့် အကျဉ်းသား ၅၀၀ ဆံ့ (ခ) အဆင့်ရှိ သထုံအကျဉ်းထောင်ဟု အကျဉ်းထောင် ၂ ခုရှိသည်ဟု ပြည်နယ် အကျဉ်း ဦးစီးဌာနမှ သိရသည်။