ရိုးရာခြင်း အလှခတ် လေ့ကျင့်ရန် နေရာသီးသန့် လိုအပ်ဟုဆို

0
396

ကော့သောင်းမြို့နယ်တွင် မြန်မာ့ ရိုးရာခြင်း အလှခတ် လေ့ကျင့်ရန်အတွက် နေရာသီးသန့်လိုအပ်လျက်ရှိကြောင်း မြို့နယ်မြန်မာ့ရိုးရာခြင်း ဆပ်ကော်မတီ မှသိရသည်။

အားကစားရုံများတွင် လေ့ကျင့်ရန် နေရာပေးထားသော်လည်း အခြား အားကစားနည်းများ ဝင်လာလျှင် နေရာ အခက်အခဲရှိသောကြောင့် သီးသန့်ပုံသေ နေရာရှိလျှင် ပိုကောင်း မွန်မည်ဖြစ် ကြောင်း ကော့သောင်း မြို့နယ် မြန်မာ့ ရိုးရာခြင်း ဆပ်ကော်မ တီမှ ဥက္ကဋ္ဌ ဦးဆွင်ဟိုက ပြောသည်။

“န၀ရတ်အားကစားရုံမှာတော့ နေရာရှိတယ်။ ဒါပေမဲ့ အားကစားနည်း တွေက အများကြီးလေ၊ အဲ့ဒီအခါ ကစားရ မလွတ်လပ်တာတွေရှိတယ်၊ မြိတ်မှာတော့ ဝါသနာရှင်တွေ လုပ် ထားတဲ့ သီးသန့်နေရာရှိတယ်၊ ကော့ သောင်းကတော့ မလုပ်နိုင်သေးဘူး” ဟု ဦးဆွင်ဟိုက ဆိုသည်။

ကော့သောင်းမြို့နယ် န၀ရတ် အား ကစားရုံတွင် ရိုးရာခြင်းလုံးအတွက် ညနေ ၅ နာရီနောက်ပိုင်း ခတ်နိုင်ရန် သတ်မှတ် ပေးထားကြောင်း ကော့သောင်း ခရိုင် အားကစားနှင့် ကာယပညာဦးစီး ဌာနထံမှ သိရသည်။