မြိတ်အခြေစိုက် ဂျာနယ်ထုတ်ဝေရန် စီစဉ်

0
372

မြိတ်အခြေစိုက် သတင်းအေဂျင်စီ တစ်ခုဖြစ်သည့် Myeik News Agency မှ ဂျာနယ်တစ်စောင်ထုတ်ဝေ နိုင်ရန် စီစဉ်လျက်ရှိကြောင်း ယင်းအေ ဂျင်စီမှ ဂျာနယ်ဖြစ်မြောက်ရေး ကော်မ တီအဖွဲ့ဝင် ဦးရဲထွေးစံထံမှ သိရသည်။
ဂျာနယ်ထုတ်ဝေရေးအတွက် အကြံ ဥာဏ်များ ရယူခြင်းနှင့် ရှေ့လုပ်ငန်းစဉ် များအတွက် ဆွေးနွေးခြင်းတစ်ခုကို ဒီ ဇင်ဘာလ ၄ ရက်နေ့က မြို့သစ်ရပ်ရှိ အောင်မင်္ဂလာခန်းမတွင် ပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် မီဒီယာအခန်းကဏ္ဍမှာ အားနည်းမှုများ ရှိနေသည့်အတွက် တိုးတက်လာစေရန် ရည်ရွယ်ပြီး ဂျာနယ် ထုတ်ဝေရန် စီစဉ်ခြင်းဖြစ်ကြောင်း ကော် မတီအဖွဲ့ဝင် ဦးရဲထွေးစံက ပြောပြသည်။
ဂျာနယ်ထုတ်ဝေခွင့်အတွက် ၂၀၁၈ ခုနှစ် နှစ်အစတင် လုပ်ဆောင်သွား မည်ဖြစ်ပြီး သင်္ကြန်မတိုင်မီဂျာနယ် ထုတ်ဝေနိုင်ရန် စီစဉ်နေသည်ဟု ၎င်းက ပြောသည်။
ဂျာနယ်အမည်ကို သတ်မှတ်ရန် လည်း စီစဉ်ဆဲဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် လအနည်းအငယ်က မြိတ်ကျွန်းစုအမည်ဖြင့် ဂျာနယ်တစ် စောင်ထွက်ရှိခဲ့ပြီး အကြောင်းကြောင်း ကြောင့် ရပ်နားထားကြောင်း စာပေ အသိုင်းအဝိုင်းမှ သိရသည်။

Myeik News Agency ကို ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့ကမှ စပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ တရား ဝင်ခွင့်ပြုချက် ချထားပေးပြီး လက်ရှိ လုပ်ငန်း စတင်ခြင်းမရှိသေးပေ။
လက်ရှိ မြိတ်မြို့တွင် တနင်္သာရီ တိုင်းအတွင်း အခြေစိုက်သည့် တနင်္သာရီ အပတ်စဉ်ဂျာနယ်နှင့် အခမဲ့ ဖြန့်ဝေသည့် နေရာတကာဂျာနယ်တို့ ဖြန့်ချိလျက် ရှိ သည်။