မွန်တွင် တရားဝင် ရွှေတူးလုပ်ငန်း ၂ ခုသာရှိ

0
493

မွန်ပြည်နယ်အတွင်း တရားဝင်ခွင့် ပြုပေးထားသည့် ရွှေတူးဖော်ရေးလုပ်ငန်း ၂ ခုသာရှိသည်ဟု မွန်ပြည်နယ် အစိုးရ အ ဖွဲ့သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင် ထိန်းသိမ်းရေးဝန်ကြီးက ပြော သည်။
ဒီဇင်ဘာ ၄ ရက်နေ့တွင် ကျင်းပ ခဲ့သည့် ဒုတိယအကြိမ် မွန်ပြည်နယ် လွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေးတွင် ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခင်နိုင်ဦး၏ ဘီးလင်းမြို့နယ် သဲဖြူချောင်းတစ်လျှောက် တရားဝင်ခွင့် ပြုထားသည့် ရွှေတူးဖော်ခြင်းလုပ်ငန်း ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဝန်ကြီး က ထိုကဲ့သို့ ဖြေကြားခဲ့ခြင်း ဖြစ်သည်။

မွန်ပြည်နယ်အတွင်း တရားဝင်ခွင့် ပြုထားသည့် ရွှေတူးလုပ်ငန်း ၂ ခုသာရှိ ပြီး သဲဖြူချောင်းတစ်လျှောက်တွင် တ ရားဝင်ချပေးထားသည့် ရွှေတူးဖော်လုပ် ငန်းမရှိဟု ဝန်ကြီးက ပြောသည်။
“တချို့တင်ထားတာတော့ ရှိတယ်။ ဒါပေမယ့် အခုလောလောဆယ် ခွင့်မပြုဘူး”ဟု ပြည်နယ်အစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက ပြောသည်။
တရားဝင်ခွင့်ပြုပေးထားသည့် ရွှေ တူးဖော်မှုလုပ်ငန်း ၂ ခုမှာ ကျိုက်ထိုမြို့ နယ်အတွင်း ရွှေတူးဖော်မှုလုပ်ငန်းလုပ် ကိုင်လျက်ရှိသည့် ထွန်းဟိန်းလျှံကုမ္ပဏီ နှင့် မြန်မာရွှေပြည်ဟိန်းကုမ္ပဏီတို့ ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။

“ဘီးလင်းမှာဆိုရင် ဘီးလင်းမြစ် အထက်ပိုင်းမှာ ရွှေလုပ်ကွက်တွေက အ များကြီး ရှိတယ်။ နေရာက ကရင်နဲ့ မွန်နယ်စပ်မှာ ဖြစ်နေတယ်။ သူ့ရဲ့ နောက်ဆက်တွဲက ဘီးလင်းမြစ်ရေက အဆိပ်သင့်နေပြီ သုံးလို့ မရတော့ဘူး”ဟု ဒေါက်တာ ခင်နိုင်ဦးက ပြောသည်။
ဘီးလင်းမြစ်ရေကို စစ်ဆေးချက် ရလဒ်မှာ စိုက်ပျိုးရေးအတွက် သုံးစွဲရန် မသင့်ဟု အဖြေထွက်သည့်အတွက် စိုက် ပျိုးရေး၊ မွေးမြူရေးနှင့်သောက်သုံးရေ အတွက် ဒေသခံပြည်သူများ အသုံးပြု နေရသည့် သဲဖြူချောင်းကို ဘီးလင်းမြစ် ကဲ့သို့ မဖြစ်အောင် အစိုးရအနေဖြင့် ဆောင်ရွက်ရမည်ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလကုန် ထိ ဓာတ်သတ္တုလုပ်ငန်းလိုင်စင် ၆၄ ခု ချပေးထားပြီး လိုင်စင်လျှောက်ထား သည့် စိစစ်ဆဲလုပ်ငန်း ၇၀ ကျော်ရှိ သည်ဟု မွန်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ညွှန်ကြားရေး မှူး ဦးစိုးမြင့်က နိုဝင်ဘာ ၁ ရက်နေ့က ပြောခဲ့သည်။