မွန်ရှိ ရော်ဘာစိုက်ဧက ၄ သောင်းကျော်အတွက် ချေးငွေတင်ပြ

0
450

မွန်ပြည်နယ်အတွင်းရှိ ရော်ဘာ စိုက်ဧက ၄ သောင်းကျော် ချေးငွေ ချေး ယူရန် စာရင်းတင်ပြထားသည်ဟု မွန် ပြည်နယ် လယ်ယာစိုက်ပျိုးရေးဦးစီးဌာ နထံမှ သိရသည်။
ရော်ဘာတစ်ဧက ကျပ် ၃၇၅၀၀၀ နှုန်းဖြင့် တွက်ချက်ထားပြီး ချေးငွေ ချေး ယူမည့် စိုက်ဧကနှင့် ငွေပမာဏစာရင်း ကို ပြည်နယ်အစိုးရသို့ နိုဝင်ဘာ ဒုတိယ အပတ်က တင်ပြထားသည်ဟု အထက် ပါဌာန ပြည်နယ်ဦးစီးမှူး ဦးကြည်စိုးက ပြောသည်။

“စပါးစိုက်တောင်သူတွေလိုပေါ့၊ ရော်ဘာစိုက်တောင်သူတွေကိုလည်း ချေးငွေ ထုတ်ချေးပေးဖို့ စာရင်းကောက် လိုက်တယ်၊ ရော်ဘာစိုက်ဧက ၄ သိန်း ကျော်မှာ ဧက ၄ သောင်းကျော်က ချေးငွေယူဖို့ စာရင်းပေးထားတယ်”ဟု ၎င်းက ပြောသည်။
ရော်ဘာစိုက်တောင်သူများ တင်ပြ ထားသည့် ချေးငွေများ ထုတ်ချေးပေး ရေးနှင့် ပတ်သက်ပြီး မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ်မှ ထုတ်ချေးပေးနိုင်ရန် စီ စဉ်လျက်ရှိသည်ဟု မြန်မာ့လယ်ယာဖွံ့ ဖြိုးရေးဘဏ် မော်လမြိုင်ဘဏ်ခွဲမှ ပြည် နယ်မန်နေဂျာ ဦးကျော်စွာလှိုင်က ပြော သည်။

သို့သော် ချေးငွေ ထုတ်ချေးဖြစ် မချေးဖြစ်နှင့် မည်သည့်အချိန်တွင် ထုတ်ချေးနိုင်မည် စသည့် အသးစိတ်ကို မူ မသိရသေးပေ။
အစိုးရအနေဖြင့် ချေးငွေများ ထုတ် ချေးပေးနိုင်ပါက ရော်ဘာစိုက်တောင်သူ များအတွက် အထောက်အကူဖြစ်စေနိုင် သည်ဟု ရော်ဘာစိုက်တောင်သူများက ပြောသည်။
“အခုက ရော်ဘာစိုက်သူတွေ အ ဆင်မပြေကြတော့ဘူးလေ ဘာလို့လဲ ဆိုတော့ ရော်ဘာခြံတစ်ခြံဖြစ်ဖို့က အ များကြီးရင်း ရတယ်၊ အစေးထုတ်လို့ ရ ပြန်တော့လည်း ဈေးကမရှိ အလုပ်သ မားငှားခကလည်း ဈေးတက်တယ်၊ အစိုးရက ချေးငွေပေးရင် ကောင်းတာ ပေါ့၊ ဘယ်လိုပဲဖြစ်ဖြစ် နဲနဲရရင်လည်း နဲနဲတော့ အဆင်ပြေအောင် လုပ်လို့ရ တယ်လေ”ဟု မုဒုံမှ ရော်ဘာခြံပိုင်ရှင် ဒေါ်တင်စိုးက ပြောသည်။

ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လည်း ပြည်နယ်အတွင်းက ရော်ဘာ ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် အရည်အ သွေးမြင့်ရော်ဘာများ ထုတ်လုပ်နိုင်သည့် ရော်ဘာသန့်စင်စက်ရုံများ တည်ဆောက် ရန်အတွက် လိုအပ်သည့် ကူညီထောက် ပံ့မှုများ ရရှိရန် ကြိုးပမ်းပေးလျက်ရှိသည်။
ထို့အတူ ရော်ဘာသန့်စင်စက်ရုံတည်ဆောက်ရန်အတွက် ရော်ဘာလုပ် ငန်းရှင် ၂၈ ဦးတို့ကလည်း ချေးငွေများ ရရှိရန် ပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြ ထားပြီး ပြည်နယ်အစိုးရမှ ပြည်ထောင် စုအစိုးရအဖွဲ့ထံ စက်တင်ဘာပထမအ ပတ်ခန့်က တင်ပြတောင်းခံထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူး ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးထံမှ သိရသည်။
မွန်ပြည်နယ်သည် ရော်ဘာစိုက်ပျိုး ရာအများဆုံးဒေသတစ်ခုဖြစ်ပြီး အများ စုသည် အသေးစား ရော်ဘာစိုက်ပျိုးသူ များဖြစ်ကာ ပြည်နယ်တစ်ခုလုံး၏ ၈၀ ရာခိုင်နှုန်းခန့်သည် အသေးစားစိုက်ပျိုး သူများဖြစ်သည်ဟု မွန်ပြည်နယ် ရော် ဘာလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ နိုင် ကျန်ရစ်ထံမှ သိရသည်။

မွန်ပြည်နယ်တစ်ခုလုံးတွင် ရော် ဘာစိုက်ပျိုးမြေဧက ၅ သိန်းခန့်ရှိပြီး၊ ဧက ၃ သိန်းကျော်မှာ ရော်ဘာထုတ်လုပ် လျက်ရှိကာ ကုန်ချောထုတ်လုပ်နိုင်သည့် နည်းပညာပိုင်းဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံ မှုမရှိသေးသည့်အတွက် ကုန်ကြမ်းအဖြစ် သာ ပြည်ပသို့ တင်ပို့နေရဆဲဖြစ်သည်။