နှစ်နှစ်ကြာ မကျင်းပဖြစ်သည့် စာပေဟောပြောပွဲ ပြန်ကျင်းပမည်

0
425

ကော့သောင်းမြို့တွင် အချိန် နှစ် နှစ်ကျော်ကြာ မကျင်းပဖြစ်သည့် စာပေ ဟောပြောပွဲကို လာမည့်နှစ်တွင် ပြန် လည်ကျင်းပမည်ဖြစ်ကြောင်း ကော့ သောင်းမြို့နယ် စာပေချစ်သူများအဖွဲ့မှ သိရသည်။

လာမည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်တို့တွင် စာဆို တော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပ မည်ဖြစ်ကြောင်း စာပေချစ်သူများအဖွဲ့မှ ကိုစိုးငယ်က ပြောသည်။
“ပွဲတစ်ခုခုလုပ်ရင် လူအားငွေအား လိုတယ်၊ ရန်ပုံငွေ အခက်အခဲကြောင့်ရယ်၊ ရွေးကောက်ပွဲပြီးစ နိုင်ငံရေး အခြေ အနေကြောင့်ရယ်မို့ မလုပ်ဖြစ်ဘဲ ခဏရပ်ထားတာ၊ ဒီနှစ်တော့ပြန်လုပ် မယ်”ဟု ကိုစိုးငယ်က ဆိုသည်။

ကော့သောင်းမြို့တွင် စာပေချစ် သူများအဖွဲ့မှ စီစဉ်၍ စာပေဟောပြောပွဲ ကို နှစ်စဉ် ကျင်းပလေ့ရှိပြီး ၂၀၁၅ နှစ် ရွေးကောက်ပွဲ မတိုင်မီတွင် စတုတ္ထကြိမ် မြောက် ကျင်းပခဲ့ကြောင်း သိရသည်။
စာပေဟောပြောပွဲအား မဉ္ဇူသက ခန်းမရှေ့တွင် ကျင်းပမည်ဖြစ်ပြီး မောင် စိန်ဝင်းပုတီးကုန်း၊ ဂျူး၊ သရဝဏ် (ပြည်)၊ စမ်းစမ်းနွဲ့(သာယာဝတီ)တို့က လာရောက် ဟောပြောမည်ဖြစ်ကြောင်း သိရသည်။