နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တနင်္သာရီ အဆင့်ရှစ်ချိတ်

0
405

တနင်္သာရီတိုင်းအတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ငွေပမာဏမှာ မြန်မာတစ် နိုင်ငံလုံး အတိုင်းအတာနှင့် နှိုင်းယှဉ်ပါ က အဆင့် ရှစ်နေရာတွင် ရပ်တည်နေ ကြောင်း တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA)ထံမှ သိရသည်။

ပြီးခဲ့သည့် ၁၉၈၈-၁၉၈၉ ဘဏ္ဍာ ရေးနှစ်မှ လက်ရှိဘဏ္ဍာရေးနှစ် အောက် တိုဘာလအထိ စာရင်းများအရ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ပမာဏ အများဆုံးမှာ ရန်ကုန်တိုင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ သန်းပေါင်း နှစ်သောင်းနီးပါး (၁၉၇၆၅) ရှိကြောင်း DICA ဌာန စာရင်းများအရ သိရသည်။

ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့က အစဉ်လိုက် အများ ဆုံးဖြစ်ကာ တနင်္သာရီတိုင်းတွင် နိုင်ငံ ခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၂၂၈၆.၃၁၀ သန်းရှိပြီး အဆင့် ၈ နေရာတွင် ရှိကြောင်း အထက်ပါဌာန စာရင်းအရ သိရသည်။

“စွမ်းအင်ကဏ္ဍမှာ ရင်းနှီးမြှုပ်နှံ မှုက အများဆုံးပါ”ဟုDICA တိုင်း ဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းထွန်း က ပြောသည်။
တနင်္သာရီတိုင်းတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံပမာဏမှာ ယခင်က အဆင့် ၅ နေရာတွင်ရှိသော်လည်း လောင်းလုံး မြို့နယ်ရှိ ရေနံချက်စက်ရုံ စီမံကိန်း တစ်ခုကို ဖျက်သိမ်းလိုက်သည့်အတွက် အဆင့် ၈ နေရာသို့ ရောက်ရှိသွားခြင်း ဖြစ်ကြောင်း တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ ထွန်းထွန်းက ဆိုသည်။

တိုင်းအတွင်း နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုလုပ်ငန်းများအဖြစ် စွမ်းအင်၊ လယ်ယာ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သတ္တု တူးဖော်ရေး လုပ်ငန်း နှင့် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း များ ပါဝင်ပြီး ထားဝယ်အထူးစီးပွားရေး ဇုန်၏ ရင်းနှီးမြှုပ်နှံမှု ပမာဏ မပါဝင် ပေ။ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ပမာဏတွင်မူ တနင်္သာရီတိုင်းက အဆင့် ၉ နေရာတွင် ရပ်တည်လျက်ရှိသည်။