တိုင်းအတွင်း တက္ကသိုလ်ဝင်တန်း စာစစ်ဌာန ငါးခုတိုးရန်တင်ပြ

0
408

လာမည့် ၂၀၁၈ ခုနှစ်တွင် တိုင်း အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုရမည့် စာစစ်ဌာန ငါးခု တိုးရန် တင်ပြထားကြောင်း တနင်္သာရီတိုင်း ဒေသကြီး ပညာရေးမှူးရုံးထံမှ သိရသည်။
လောင်းလုံးမြို့နယ်အတွင်းရှိ သကျက်တော၊ သရက်ချောင်းမြို့နယ်အ တွင်းရှိ ကနက်သီရိ၊ ကျွန်းစု မြို့နယ်အ တွင်းရှိ ညောင်ဘီး၊ သဇင်နှင့် မြိတ်မြို့ နယ်ရှိ အင်္ဂမော် စသည့် ကျေးရွာများက အထက်တန်းကျောင်းများတွင် စာစစ် ဌာနအသစ်များ ဖွင့်နိုင်ရန် တင်ပြထား ကြောင်း တိုင်းပညာရေးမှူး ဒေါ်မြင့်စိန် က ဆိုသည်။

“ဒီနှစ်မှာ စာစစ်ဌာနတွေတိုးဖို့ တင်ပြထားတယ်၊ အခုချိန်ထိတော့ မကျ လာသေးဘူး”ဟု တိုင်းပညာရေးမှူး ဒေါ်မြင့်စိန်က ပြောသည်။
ယမန်နှစ်က တိုင်းအတွင်း စာစစ် ဌာန ၄၃ ခုရှိပြီး ကျောင်းတွင်းဖြေဆိုသူ ၁၀၉၄၀ ဦးနှင့် ပြင်ပမှဖြေဆိုသူ ၇၅၂၈ ဦး ရှိကြောင်း တိုင်းပညာရေးမှူးရုံး စာရင်း အရ သိရသည်။
လက်ရှိတွင် တက္ကသိုလ်ဝင်တန်း တက်ရောက်သင်ကြားနေသူ ၁၂၀၁၆ ဦးရှိပြီး ဖြေဆိုခွင့်လျှောက်လွှာတင်ထား သူဦးရေမှာ သက်ဆိုင်ရာ မြို့နယ်ပညာ ရေးမှူးရုံးများထံမှ စာရင်းချုပ် မလာ သေးသည့်အတွက် မသိရသေးကြောင်း တိုင်းပညာရေးမှူးက ဆိုသည်။

ပြီးခဲ့သည့်နှစ်က တနင်္သာရီတိုင်း၏ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင် မှုမှာ တစ်နိုင်ငံလုံးတွင် အဆင့် ၁၀ နေ ရာတွင် ရပ်တည်သည်။