မြိတ်တွင် စည်ပင်အကြံပြုစာပုံးနှင့် ကားမှန်များ ဖျက်ဆီးခံရ

0
470

မြိတ်ခရိုင်အတွင်းရှိ ပြည်သူလူထု အတွက် စည်ပင်သာယာရေးကော်မတီ နှင့် ပတ်သက်ပြီး တိုင်စာ၊ အကြံပြုစာများ ထည့်ရန် ပြုလုပ်ပေးထားသော စာပုံး တစ်ခုနှင့် ရပ်ကွက်အတွင်း ညအိပ်ရပ် နားထားသော ကားအချို့၏ မှန်များ နိုဝင်ဘာ ၂၉ ရက်ညက ဖျက်ဆီးခံရ သည်။
မြိတ်မြို့အတွင်း ထားရှိသော အ ကြံပြုစာပုံးသုံးခုအနက် မြို့သစ်ဈေးရှေ့ ၌ ထားသော အကြံပြုစာပုံး မှန်ရိုက်ခွဲ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

အကြံပြုစာပုံးစထားပြီး ငါးလခန့် အတွင်း ပထမဆုံးအကြိမ် ဖျက်ဆီးခံရ ခြင်းဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
“ဒီလိုလုပ်တာကတော့ တော်တော် လေး အရုပ်ဆိုး အကျဉ်းတန်လွန်းတယ်”ဟု ယင်းကိစ္စနှင့် ပတ်သက်ပြီး အထက် ပါ ကော်မတီဥက္ကဋ္ဌ ဦးမြတ်ကိုကိုက မှတ်ချက်ပြုသည်။
အလားတူ ယင်းညက ဘုရားကိုင် ရပ်၊ နောက်လယ်ရပ်၊ ထားဝယ်စုရပ် လမ်းဘေး ဝဲယာတွင် ညအိပ်ရပ်နား ထားသော အိမ်စီးကားအချို့၏မှန်များ ရိုက်ခွဲ ဖျက်ဆီးခံခဲ့ရကြောင်း နောက် လယ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသိန်းအေးက ပြောသည်။

“CCTV တွေနဲ့ ပြန်စစ်နေတယ်။ ဒီတစ်ညတည်း ခြောက်စီးလောက်ရှိတယ် လို့ ကြားရတယ်။ အတိအကျ မသိသေး ဘူး”ဟု ၎င်းက ပြောသည်။
အဆိုပါ ကားမှန်ခွဲသည့် ကိစ္စနှင့် ပတ်သက်ပြီး မြိတ်ရဲစခန်းသို့ တိုင်ကြား လာခြင်း မရှိသေးကြောင်း တာဝန်ကျ ရဲအရာရှိတစ်ဦးက နိုဝင်ဘာလ ၃၀ ရက်က ပြောသည်။
မြိတ်မြို့၌ ညနက်သန်းခေါင်ဆိုင် ကယ်စီးလူငယ်များက အရက်သေစာ သောက်စား၍ မြိတ်ကမ်းနားလမ်း တစ်လျှောက် ဆူညံစွာမောင်းနှင်ခြင်း၊ အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားခြင်း၊ ညအိပ် ကားမှန်များအား ဖျက်ဆီးခြင်း စသည့် ဖြစ်ရပ်များ ယခင်ကလည်း ဖြစ်ခဲ့ဖူး သည်။