ကော့သောင်းတွင် စည်းပျက် ယာဉ်ဒဏ်ငွေ သိန်းနှစ်ရာကျော်ရ

0
391

ကော့သောင်းခရိုင်တွင် ဆယ်လ အတွင်း စည်းပျက်ယာဉ်ဖမ်းဆီးမှုများမှ ဒဏ်ငွေ ကျပ်သိန်းနှစ်ရာကျော် ရရှိခဲ့ ကြောင်း အမှတ် ၇၅ ယာဉ်ထိန်းရဲတပ် ဖွဲ့စုမှူးရုံး (ကော့သောင်း)ထံမှ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ အောက် တိုဘာလအထိ ဆယ်လအတွင်း စည်း ပျက်ယာဉ် ဖမ်းမိမှုများမှ ဒဏ်ငွေ ကျပ် သိန်း ၂၂၀ ကျော် ရရှိခဲ့ခြင်း ဖြစ်သည်။

“တရားရုံးမှာ တရားစွဲတင်ပြီး အ ရေးယူခဲ့တဲ့ ဒဏ်ကြေးငွေတွေ ဖြစ်တယ်၊ ဒီငွေတွေကို တိုင်းဒေသကြီးအစိုးရ ဘတ် ဂျက်ထဲထည့်ပေးတယ်” ဟု အမှတ် ၇၅ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး(ကော့သောင်း) မှ ဒုရဲမှူးမောင်မျိုးက ပြောသည်။

ကော့သောင်းခရိုင်အတွင်း ဇန်နဝါ ရီလမှ စက်တင်ဘာလ တတိယပတ်အထိ စည်းပျက်ယာဉ်ဖမ်းမိမှု ၁၆၆၈ မှု ရှိခဲ့ ကြောင်း အထက်ပါ ယာဉ်ထိန်းရဲတပ်ဖွဲ့ ထံမှ သိရသည်။