မြို့နယ်မြေစာရင်းရုံးတွင် မြေလွတ်မြေလပ် လျှောက်ထားနိုင်

0
567

စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း များ လုပ်ကိုင်ရန်အတွက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းလိုအပ်သူများ သက် ဆိုင်ရာမြို့နယ် မြေစာရင်းရုံးတွင် လျှောက်ထားနိုင်ကြောင်း တနင်္သာရီတိုင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးက ပြောသည်။
ယခင် ဒေသအာဏာပိုင်များက ကြိုတင်ခွင့်ပြုထားပြီး လုပ်ငန်းအကောင် အထည်ဖော်ခြင်းမရှိသည့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းဧက တစ်သိန်းခွဲခန့်ကို စက်တင်ဘာလအတွင်း တိုင်းဒေသကြီး အစိုးရက ပြန်လည် သိမ်းဆည်းခဲ့ပြီး ယင်းမြေများပေါ်တွင် စိုက်ပျိုး၊ မွေးမြူ လိုသူများကို ပြန်လည်လုပ်ကိုင်ခွင့်ပြု မည်ဖြစ်သည်။

သိမ်းယူထားသည့် မြေဧကများမှာ ထားဝယ်ခရိုင်တွင် ၃၉၅၅ ဧက၊ မြိတ် ခရိုင်တွင် ၈၉၈၃၇.၉၈ ဧကနှင့် ကော့ သောင်းခရိုင်တွင် ၅၅၂၆၀ ဧကရှိကြောင်း တိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲ ရေးနှင့် စာရင်းအင်းဦးစီးဌာန (မြေစာ ရင်း) စာရင်းအရ သိရသည်။
အဆိုပါ မြေများပေါ်တွင် စိုက်ပျိုး လုပ်ကိုင်လိုပါက မည်သူမဆို သက်ဆိုင် ရာမြို့နယ် မြေစာရင်းရုံးများတွင် လျှောက်ထားနိုင်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။

စိုက်ပျိုးလုပ်ကိုင်ခွင့် လျှောက်ထား လာပါက ဒေသခံများကို ဦးစားပေး လုပ်ခွင့် ပေးသွားမည်ဖြစ်ပြီး ၁၀ ဧကကို စတင် ခွင့်ပြုပေးမည်ဖြစ်ကာ စိုက်ပျိုးလုပ်ကိုင်မှုအပေါ်မူတည်ကာ ဧကပမာ ဏကို တစ်ဆင့်ချင်း တိုးပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးဦးမြင့်စန်းက ပြော သည်။
“သက်ဆိုင်ရာမြို့နယ်မြေစာရင်း ရုံးတွေမှာ သွားဆက်သွယ်ပြီး လျှောက် ရမယ်”ဟု ဝန်ကြီးဦးမြင့်စန်းက ပြော သည်။

တိုင်းအစိုးရ၏ ခွင့်ပြုပိုင်ခွင့်ရှိသည့် ဧက ၅၀ ထက် ပိုမိုလျှောက်ထားမှုများကို မြေလွတ်မြေလပ်မြေရိုင်း စီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့၊ တိုင်းအစိုးရအဖွဲ့အစည်း အဝေး ဆုံးဖြတ်ချက်များဖြင့် ပြည်ထောင် စုထံ တင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
စီးပွားဖြစ် စိုက်ပျိုး မည်ဆိုပါက မြေယာ ဧက ၅၀ အထက် လိုအပ်ကြောင်း ထားဝယ်ခရိုင် ဟာမြင်းကြီးကျေးရွာ အုပ်စုတွင် ရော်ဘာပင် ၂၀ ဧက စိုက် ပျိုးထားသည့် အသက် ၃၄ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“သွားလာလို့ အဆင်ပြေတဲ့ နေရာ မျိုးပဲ လျှောက်ချင်တယ်၊ နို့မို့ဆို စရိတ်စကနဲ့ မလွယ်ဘူး”ဟု အဆိုပါ အမျိုးသားက ပြောသည်။
လျှောက်ထားမှုများကို နှစ် ၃၀ သက်တမ်းရှိ စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုသွား မည်ဖြစ်ပြီး မည်သည့် အပင်အမျိုးအစား ကိုမဆို စိုက်ပျိုးနိုင်ကြောင်း ဝန်ကြီး ဦးမြင့်စန်းက ဆိုသည်။
လက်ရှိအချိန်ထိ အဆိုပါ မြေ လွတ်၊ မြေလပ်နှင့်မြေရိုင်းကို လုပ်ကိုင် ခွင့် လျှောက်လွှာလာထုတ်သူ ၆ ဦး ရှိနေကြောင်း တိုင်းဒေသကြီး မြေစာ ရင်းရုံးထံမှ သိရသည်။