မွန်ပြည်သစ်ပါတီနှင့် ပြည်နယ်အစိုးရ ထပ်မံတွေ့ဆုံ

0
394

မွန်ပြည်သစ်ပါတီ ဒုဥက္ကဋ္ဌဦးဆောင် သည့်အဖွဲ့နှင့် မွန်ပြည်နယ် ဝန်ကြီးချုပ် တို့ ဦးဆောင်သည့်အဖွဲ့တို့ နိုဝင်ဘာ ၂၈ ရက်နေ့ နေ့လယ်ခန့်က ရေးမြို့နယ် ပုဖ္ပ၀တီကျေးရွာရှိ ကိုရင်လေးကျောင်း တွင် တွေ့ဆုံခဲ့ကြသည်။
မွန်ပြည်သစ်ပါတီဘက်က ဒုဥက္ကဋ္ဌ နိုင်ဟံသာ၊ တွဲဘက်အတွင်းရေးမှူးနိုင် ဂျော်ရဲ့၊ ဗဟိုအလုပ်အမှုဆောင် နိုင်ဗ ညားလယ်၊ ဗဟိုကော်မတီဝင် နိုင်ရွှေ သိန်း၊ ဖွံ့ဖြိုးရေးတာဝန်ခံ နိုင်ဟံသာဗွန် ခိုင်းတို့ ပါဝင်ပြီး ပြည်နယ်အစိုးရဘက် က ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ ဗမာ တိုင်းရင်းသားရေးရာဝန်ကြီး ဦးရွှေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ မင်းစိုးလင်းတို့ ပါဝင်သည်။

သို့သော် နှစ်ဘက်တွေ့ဆုံဆွေးနွေး ခဲ့မှုအခြေအနေနှင့် ပတ်သက်ပြီး ထုတ် ဖော် မပြောနိုင်သေးဟု နိုင်ဟံသာက ပြောသည်။
“ပြောလို့မရဘူး၊ အခြေအနေအရ ပေါ့ဗျာ၊ မပြောနိုင်သေးဘူး”ဟု ၎င်းက ဆိုသည်။
ယနေ့တွေ့ဆုံမှုသည် မွန်ပြည်သစ် ပါတီ၏ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေး ထိုးရေး မထိုးရေးကိစ္စ ဆွေးနွေးဆုံးဖြတ် ရန် ကျင်းပခဲ့သည့် အရေးပေါ် ဗဟို ကော်မတီ အစည်းအဝေး၏ ဆွေးနွေးချက် ဆုံးဖြတ် ချက်များကို ဆွေးနွေးရန်အတွက်ဖြစ် နိုင်သည်ဟု မွန်နိုင်ငံရေးလေ့လာစောင့် ကြည့်နေသူတို့က သုံးသပ်သည်။

မွန်ပြည်သစ်ပါတီသည် နိုဝင်ဘာ ၂၄ ရက်နေ့မှ ၂၇ ရက်နေ့ထိ ကျင်းပခဲ့ သည့် မွန်ပြည်သစ်ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးတွင် NCA လက်မှတ်ရေးထိုးရေးမထိုးရေးနှင့် ပတ် သက်ပြီး ဆုံးဖြတ်ချက်တစ်စုံတစ်ရာ ထွက်နိုင်သည်ဟု ပြောဆိုခဲ့သည်။
သို့သော်လက်မှတ်ထိုးရေး မထိုး ရေး ဆုံးဖြတ်ချက် တစ်စုံတစ်ရာမချနိုင်ဘဲ NCA နှင့် ပတ်သက်ပြီး UNFC နှင့် အတူရပ်တည်သွားမည်ဖြစ်ပြီး ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ပါဝင်နိုင်ရန် ဆက်လက်ကြိုးပမ်းသွား မည်ဟု ဆုံးဖြတ်ချက်ချထားသည်။

ပြည်နယ်အစိုးရအနေဖြင့် မွန် ပြည်သစ်ပါတီနှင့် တွေ့ဆုံတိုင်းNCA လက်မှတ်ရေးနိုင်ရေး တိုက်တွန်းလေ့ရှိ သည်။
မွန်ပြည်သစ်ပါတီအနေဖြင့်လည်း ငြိမ်းချမ်းရေးအမှန်တကယ်လည်း လို လားကြောင်း၊ NCA လမ်းကြောင်း အ တိုင်း လိုက်ပါပြီး ငြိမ်းချမ်းရေးတည် ဆောက်မည်ဟု အတိအလင်းပြောကြား ထားပြီးဖြစ်ကြောင်း ဖြစ်နိုင်အောင်လည်း ကြိုးစားလျက်ရှိကြောင်း ပြောသည်။
မွန်ပြည်သစ်ပါတီသည် ပထမဆုံး အကြိမ်အဖြစ် ၁၉၉၅ ခုနှစ်က စစ်အစိုးရ နဲ့ တွေ့ဆုံဆွေးနွေးပြီး အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်ခဲ့သော် လည်း ၂၀၁၀ ခုနှစ်မှာ အပစ်ခတ်ရပ်စဲ ရေးသဘောတူညီမှု ပျက်ပြယ်သွားခဲ့သည်။

ဒုတိယအကြိမ် အပစ်ခတ်ရပ်စဲ ရေး သဘောတူမှုကို ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလတွင် မွန်ပြည်သစ်ပါတီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်ခေါင်း ဆောင်များနှင့် အစိုးရသစ် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့နှင့် တွေ့ဆုံခဲ့ပြီး အပစ်ခတ်ရပ်စဲရေးအတွက် သဘောတူ ညီခဲ့ကြသည်။