မြို့မတံတားတွင် X-ray စက်ထားမည့် အဆောက်အအုံ ပြန်ဆောက်

0
395

ကော့သောင်းမြို့ရှိ မြို့မတံတား တွင်X-ray စက်ထားမည့် အဆောက် အအုံကို ပြန်လည်တည်ဆောက်လျက် ရှိကြောင်း မြို့နယ် စည်ပင်သာယာရေး အဖွဲ့ထံမှ သိရသည်။
X-ray စက်ထားမည့် အဆောက် အအုံကို ယခုနှစ် ဇူလိုင်လက ဆောက် လုပ်ခဲ့သော်လည်း စတင်ဆောက်လုပ် ချိန်မှာပင် အဆောက်အအုံ၏ ပုံစံမှာ မြို့အင်္ဂါရပ်နှင့်မညီဟု ဆိုကာ မြို့ခံများ က ကန့်ကွက်ခဲ့သဖြင့် ပြန်ဖျက်ခဲ့ရဖူး သည်။

ယင်းကြောင့် အဆောက်အုံကို နို ဝင်ဘာလ ၂၇ ရက်တွင် စတင်၍ ပြန်လည် တည်ဆောက်နေခြင်း ဖြစ် သည်။
“ယခင်ဖျက်လိုက်တဲ့ အဆောက်အ အုံ ပရောဂျက်က လမ်းသွားလမ်းလာ ပြည်သူတွေအတွက် အဆင်မပြေဘူး ဆိုတော့ ဖျက်လိုက်တဲ့သဘောပါ၊ အခုတစ်ခါတော့ သေချာတွက်ချက်ပြီး မြို့အင်္ဂါရပ်နဲ့ အညီပြန်ဆောက်မှာ” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အင် ဂျင်နီယာဌာနစိတ်မှ တာဝန်ခံ အင်ဂျင် နီယာ ဦးနေမျိုးက ပြောသည်။

ခရီးသွားပြည်သူများနှင်၊့ ဒေသ လုံ ခြုံရေးအတွက် နယ်စပ်က ဖြတ်သန်း သွားလာသည့် ခရီးသည်များအား စစ် ဆေးနိုင်ရန် X-ray စက်ထားမည့် အဆောက်အအုံကို တည်ဆောက်ခြင်း ဖြစ်ပြီးX-ray စက်မှာ ဝယ်ယူထားပြီး ဖြစ်ကြောင်း ၎င်းက ဆိုသည်။
X-ray စက်များကို လူအတက်အ ဆင်းပြုလုပ်သည့် ဂိတ်တိုင်းတွင် ထား နိုင်လျှင် ပိုကောင်းမည်ဟု ကော့သောင်း နှင့် ရနောင်းကို မကြာခဏ သွားလာနေ သည့် လုပ်ငန်းရှင်တစ်ဦးက အကြံပြု သည်။

“လုံခြုံရေးပိုကောင်းလာမှာမို့ လုပ် သင့်ပါတယ်၊ လူအတက်အဆင်းဂိတ်တိုင်းထားနိုင်ရင်တော့ ပိုအဆင်ပြေမယ်၊ နောက်မဟုတ်ရင်X-ray စက်မရှိတဲ့ဂိတ် ကနေ ဝင်ထွက်ကြမှာလေ”ဟု ၎င်းက ဆိုသည်။
ကော့သောင်းမြို့မှ ရနောင်းမြို့သို့ သွားမည့်သူများသည် မြို့မတံတား၊ ဓမ္မာရုံ ကူးတို့ဆိပ်နှင့် မင်္ဂလာတံတား တို့မှ အတက်အဆင်း ပြုလုပ်ကြသည်။