မြိတ်ဒေသထွက် ကဏန်းပုန်း ယခင်နှစ်ထက် ဈေးအနည်းငယ်တက်

0
475

မြိတ်ဒေသရေထွက်ကုန်တစ်မျိုး ဖြစ်သည့် ကဏန်းပုန်း (ဒေသအခေါ် ဂဏန်းချေးပုန်း)ဈေးနှုန်းမှာ ယခင်နှစ် ထက် ဈေးအနည်းငယ် မြှင့်တက်ခဲ့ ကြောင်း ကဏန်းပုန်းအရောင်းဝယ်ဒိုင် အသိုင်းအဝိုင်းမှ သိရသည်။
ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ကA ဆိုဒ် တစ်ကီလိုလျှင် ကျပ် ၁၇၀၀ ၊ B ဆိုဒ် တစ်ကီလိုလျှင်ကျပ် ၇၀၀ အ ထိ ရှိခဲ့ပြီး ယခုနှစ် ကာလတူတွင် A ဆိုဒ် တစ်ကီလိုလျှင် ကျပ် ၁၇၀၀၊ B ဆိုဒ် တစ်ကီလိုလျှင် ကျပ် ၁၁၀၀ အထိ ရရှိနေကြောင်း မြို့သစ်ရပ် ကွက်ရှိ ကဏန်းပုန်းအဝယ်ဒိုင် တာဝန်ခံ ဦးသန်းထွန်းက ပြောပြသည်။

ကဏန်းပုန်း Aဆိုဒ်ဈေးနှုန်းမှာ ဈေးနှုန်းတူညီနေပြီး B ဆိုဒ် တစ်ကီ လိုလျှင် ကျပ် ၄၀၀ အထိ ဈေးနှုန်းမြင့် တက်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် ဧပြီလအတွင်းက A ဆိုဒ် တစ်ကီလိုဈေးနှုန်း ကျပ် ၂၁၀၀ နှင့် B ဆိုဒ် တစ်ကီလိုဈေးနှုန်း ကျပ် ၁၄၀၀ အထိ ဈေးအများဆုံး ရရှိခဲ့ဖူး ကြောင်း ကဏန်းပုန်း ဖမ်းသူတချို့နှင့် ဈေးကွက်အတွင်းမှ သိရသည်။

ဒေသထွက် ကဏန်းပုန်းများကို ပြီးခဲ့သည့် နှစ် ၂၀ ခန့်မှ စတင်ပြီး ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလျက်ရှိကာ ထိုင်းအခေါ် ဆွန်တန် (သင်္ဘောသီး ထောင်း)များတွင် ထည့်သွင်းအသုံးပြုစား သောက်ကြသည်။
“ကျွန်းတွေဘက်ဆို စက်တပ်လှေနဲ့ နှစ်နာရီလောက် သွားရတယ်၊ ပုလော ဘက်ကိုတော့ ဆိုင်ကယ်တွေနဲ့ သွား တယ်၊ တစ်ညလုံးဖမ်းရင် ကီလိုချိန် ၁၀ ကနေ ၃၀ ကီလိုအထိတော့ နေ့တိုင်းရ တယ်”ဟု နှစ် ၂၀ နီးပါး ကဏန်း ဖမ်းသက် တမ်းရှိသူဦးသန်းလွင်က ပြောသည်။

အဆိုပါ ကဏန်းများသည် မြိတ် ကျွန်းစုများရှိ ဒီရေရောက်သစ်တောများ တွင် ကျက်စားနေထိုင်လေ့ရှိကြပြီး က ဏန်းဖမ်းသမားများအနေဖြင့် ညအချိန် မီးအလင်းရောင် (ဓာတ်ပြောင်း)များအ သုံးပြုကာ ဖမ်းဆီးလေ့ရှိကြကြောင်း ယင်းလုပ်ငန်းအသိုင်းအဝိုင်းမှ သိရ သည်။