မွန်တွင် ရပ် / ကျေးအုပ်ချုပ်ရေးမှူး ၉၀ ရာခိုင်နှုန်းကျော် ပြန်ရွေးမည်

0
439

မွန်ပြည်နယ်အတွင်းက ရပ် / ကျေး အုပ်ချုပ်ရေးမှူး ၉၀ ရာခိုင်နှုန်းကျော်ကို ပြန်လည်ရွေးချယ်သွားမည်ဟု မွန်ပြည် နယ်အစိုးရအဖွဲ့ထံမှ သိရသည်။
ယခင် သမ္မတသက်တမ်းက ရွေး ချယ်ထားသည့် ရပ်/ကျေး အုပ်ချုပ် ရေးမှူးများကို တတိယအကြိမ် ပြင်ဆင် ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေး ဥပဒေနှင့်အညီ ပြန်လည် ရွေးချယ် မည်ဖြစ်ပြီး ကျန် ရပ် /ကျေး အုပ်ချုပ် ရေးမှူးများသည် လက်ရှိသမ္မတ သက်တမ်း တွင် ဥပဒေနှင့်အညီ ရွေးချယ်ထားသူ များဖြစ်သည်ဟု မွန်ပြည်နယ် အစိုးရ အဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က နိုဝင်ဘာ ၂၄ ရက်တွင် ပြောသည်။

“ရွေးမှာက အားလုံးတော့မဟုတ် ဘူး၊ ခရိုင် ၂ ခုက နေတင်ပြလာတဲ့ စီမံချက်အရဆိုရင် ၉၀ ရာခိုင်နှုန်းကျော် ကျော်လောက်၊ အရေအတွက်တော့မသိ ဘူး။ ပြန်ရွေးချယ်ရမယ်”ဟု အထက်ပါ ညွှန်ကြားရေးမှူးက ပြောသည်။
ရွေးချယ်မည့်ရက်ကို အတိအကျ သတ်မှတ်ထားခြင်းမရှိသော်လည်း ဒီ ဇင်ဘာလကုန်အပြီး ရွေးချယ်သွားရန် လျာထားသည်ဟု ၎င်းက ဆက်ပြော သည်။
လက်ရှိတွင် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ စည်းရန် စတင်ဆောင်ရွက်နေပြီး ကြီး ကြပ်ရေးမှူးအဖွဲ့များ ဖွဲ့စည်းပြီးပါက ၎င်းတို့ကို ရပ်။ကျေးအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်း အတိုင်း ရွေးချယ်ဆောင်ရွက်နိုင်ရန် ရက် တိုသင်တန်း ပို့ချပေးသွားမည်ဖြစ် ကြောင်းသိရသည်။

မွန်ပြည်နယ်အတွင်းရပ်။ကျေး အုပ် ချုပ်ရေးမှူး ၄၆၈ ဦးရှိသည်။
NLD အစိုးရလက်ထက်တွင် ရပ်။ကျေးအုပ်ချူပ်ရေးမှူးတချို့ကို မြေယာ ကိစ္စ၊ အဂတိလိုက်စားမှုကိစ္စနှင့် ကျင့် ဝတ် ဖောက်ဖျက်မှုတို့ဖြင့် တိုင်ကြားခံ ရပြီး တာဝန်မှရပ်စဲခံရသူအချို့လည်းရှိ သည်။
ထို့ကြောင့် တာဝန်မှ ရပ်စဲခံရသူ များ နေရာတွင် တာဝန်ထမ်းဆောင်ရန် ရပ်။ကျေး အုပ်ချုပ်ရေးမှူးတချို့ကို ပြန် လည်ရွေးချယ်ထားကြောင်း မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိ ရသည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလက ပြင် ဆင်ပြဋ္ဌာန်းလိုက်သည့် ရပ်ကွက် သို့မ ဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူး ဥပဒေ တွင် အုပ်ချုပ်ရေးများ၏ သက်တမ်း သည် သမ္မတသက်တမ်းအတိုင်း ဖြစ်ရ မည်ဟု ပြင်ဆင်ပြဋ္ဌာန်းထားသည်။