လေးနှစ်အရွယ်သမီးဖြစ်သူအား ရိုက်နှက်ဆုံးမရာမှ လက်လွန်သေဆုံး

0
386

ကော့သောင်းမြို့နယ်၊ လုံးဖော ကျေးရွာတွင် လေးနှစ်အရွယ် သမီးဖြစ် သူအား မိခင်ဖြစ်သူက ရိုက်နှက်ဆုံးမရာမှ လက်လွန်သေဆုံးခဲ့သည့် ဖြစ်ရပ်တစ်ခု နိုဝင်ဘာလ ၁၇ ရက်နေ့ ညက ဖြစ်ပွား ခဲ့သည်။
နိုဝင်ဘာလ ၂၀ ရက်နေ့တွင် သေ ဆုံးသူ ကလေးငယ်၏ အဖွားဖြစ်သူက ကလေးပျောက်နေခြင်းကြောင့် မာရမ်း နယ်မြေရဲစခန်းတွင် အမှုဖွင့်တိုင်ကြားခဲ့ ပြီး မိခင်ဖြစ်သူက အလောင်းဖျောက် ထားသည်ဟု နိုဝင်ဘာလ ၂၇ ရက်နေ့ တွင် ပေါ်ပေါက်ခဲ့ကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။

ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၇ ရက်နေ့ည က မိခင်ဖြစ်သူက ဒေါသဖြင့် ကလေးအား ရိုက်နက်ဆုံးမရာမှ လက်လွန်သွားခဲ့ပြီး နောက်တစ်နေ့နံနက်တွင် သေဆုံးသည် ကို သိရပြီး မိတ်ဆွေတစ်ဦး၏ အကူအညီဖြင့် ကလေး၏အလောင်း ဖျောက်ဖျက်ခဲ့ကြောင်း မာရမ်းနယ်မြေ ရဲစခန်းထံမှ သိရသည်။
ကလေးကို ခရီးဆောင်အိတ်တွင် ထည့်ကာ ကော့သောင်းမြို့သို့ ညဘက် ထွက်လာခဲ့ပြီး ဘုရင့်နောင်အငူပတ် လမ်းတွင် ပင်လယ်ပြင်အတွင်း ပစ်ချခဲ့ သည်ဟု ဝန်ခံထွက်ဆိုခဲ့ကြောင်း မာရမ်း နယ်မြေရဲစခန်းမှ စခန်းမှူးက ဆိုသည်။

“အဖွားဖြစ်သူက လူပျောက်တိုင် တာဆိုတော့ ကလေးအမေနဲ့တွေ့လို့မေး ကြည့်တဲ့အခါ ပထမတော့ ဂျာမနီမှာ နေတဲ့ သူအဖေဆီ ပို့ထားတယ်လို့ ပြော တယ်။ သူ့အဖေဆီကို မြန်မာထိုင်းနယ် ခြား ကော်မတီက တစ်ဆင့်စုံစမ်းပြီး ဆက်သွယ်မေးကြည့်တော့ အတူရှိမနေ ဘူးဆိုတာ သိရလို့ ထပ်စစ်မေးကြည့် တော့မှ အကြောင်းစုံ ရှင်းပြတယ်”ဟု စခန်းမှူးက ပြောသည်။

အဆိုပါအမျိုးသမီးသည် ဂျာမနီ နိုင်ငံသားနှင့် လွန်ခဲ့သည့် ၆နှစ်ခန့်က အိမ်ထောင်ကျခဲ့ပြီး သမီးတစ်ဦးနှင့် သားတစ်ဦး ထွန်းကာခဲ့ကာ ယခုသေဆုံး သွားသူမှာ သူမ၏ သမီးအကြီးဖြစ်သည်။
အဆိုပါ အမျိုးသမီးနှင့် ကြံရာပါ အမျိုးသမီးကို မာရမ်းနယ်မြေရဲစခန်းက အမှုဖွင့်ထားပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လယ်အထိ ကလေးငယ်၏ အလောင်း ကို ရှာမတွေ့သေးကြောင်း ယင်းရဲစခန်း ထံမှ သိရသည်။