ကပ္ပလီပင်လယ်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်လာနိုင်

0
454

တနင်္သာရီကမ်းရိုးတန်း ကပ္ပလီပင် လယ်တွင် မုန်းတိုင်ငယ်တစ်ခု ဖြစ်လာ နိုင်သဖြင့် စောင့်ကြည့်နေကြောင်း တနင်္သာရီတိုင်း ဒေသကြီး မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

ကပ္ပလီ ပင်လယ်ပြင်တွင် ဖြစ်ပေါ် နေသော လေဖိအားနည်းရပ်ဝန်းသည် လာမည့် ၄၈ နာရီအတွင်း ပိုမိုအား ကောင်းလာကာ မုန်တိုင်းငယ် ဖြစ်လာ နိုင်ကြောင်း နေပြည်တော် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ဒီဇင်ဘာလ ၁ ရက် မွန်းလွဲ ၂ နာရီတွင် ထုတ်ပြန်ထားသည်။

“မုန်တိုင်းဖြစ်လာမလား မဖြစ်လာ ဘူးလား၊ ဘာတွေဖြစ်လာမယ် ဆိုတာ ကိုတော့ အတိအကျ ပြောလို့မရသေးဘူး။ ကျွန်တော်တို့ကတော့ နေပြည်တော်က တစ်နာရီတစ်ခါ ထုတ်ပြန်ချက်တွေကို စောင့်ကြည့်နေပါတယ်” ဟု တိုင်းဒေသ ကြီး ဦးစီမှူး ဦးစိုးပိုင် ကပြောသည်။
မုန်တိုင်းငယ် ဖြစ်ပွားပါက တနင်္သာရီ တိုင်းအတွင်း အခါလွန်မိုး ပုံမှန်ထက် ပိုမိုရွာသွန်းခြင်း၊ ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့်မှ လှိုင်းကြီးခြင်း၊ လေပြင်း တိုက်ခတ်ခြင်းများ ဖြစ်ပေါ် လာနိုင်ကြောင်း ၎င်းကပြောသည်။

ယခုကာလသည် လယ်သမားများ မိုးစပါးများ စတင်ရိတ်သိမ်းနေသည့် အချိန်ဖြစ်သောကြောင့် အချိန်အခါ မဟုတ် မိုးရွာသွန်းမည်ကို စိုးရိမ်မှုများ ရှိသည်။
“မိုးထပ်ရွာခဲ့မယ်ဆိုရင်တော့ စပါး မရိတ်သိမ်းရသေးတဲ့ လယ်သမားတွေ အတွက်တော့ စိုးရိမ်စရာပဲပေါ့” ဟု လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာမှ လယ်သမားတစ်ဦးဖြစ်သူ ဦးအောင်ကိုကို ကပြောသည်။