တိုင်းအမျိုးသမီး ဘောလုံးအသင်း ဆယ်ကျော်သက် ထက်ဝက်နီးပါးဖြင့် ပြိုင်ပွဲဝင်မည်

0
379

တိုင်းနှင့်ပြည်နယ် အသက် ၂၄ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ တွင် တနင်္သာရီတိုင်းအသင်းက ဆယ် ကျော်သက် ကစားသမားထက်ဝက်နီး ပါးဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ် ကြောင်း ယင်းအသင်းနည်းပြထံမှ သိရ သည်။
တိုင်းကိုယ်စားပြုအသင်းတွင် အသက် ၁၄ နှစ်အရွယ် ကစားသမား ၂ ဦး၊ ၁၅ နှစ်အရွယ် ကစားသမား ၁ ဦး အပါအဝင် ဆယ်ကျော်သက် ကစား သမား စုစုပေါင်း ၈ ဦး ပါဝင်ကြောင်း နည်းပြ ဦးသန်းဗိုလ်က ပြောသည်။

ယင်းအသင်းတွင် ကစားသမား စုစုပေါင်း ၁၈ ဦးဖြင့် ဖွဲ့စည်းထားသည်။
“ကျွန်တော်တို့နည်းပြတွေအတွက် ကတော့ အသက်ငယ်လေ ပိုကောင်း လေပဲ။ ဘာဖြစ်လို့လဲဆိုတော့ ရေရှည် အတွက် ပိုကောင်းတယ်လေ” ဟု ဦးသန်းဗိုလ်က ဆိုသည်။
တိုင်းအတွင်း အမျိုးသမီး ဘောလုံး အားကစားသမားအများစုမှာ ပြိုင်ပွဲအတွေ့အကြုံနည်းပါးခြင်း၊ ဘောလုံး အခြေခံအားနည်းခြင်း တို့ကြောင့် အသက်အရွယ်ထက် ထူးချွန်သူများကို အဓိကထား ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။

“တစ်ဖက်အသင်းမှာ ကိုယ့်ထက် အသက်ကြီးတဲ့ သူတွေနဲ့တွေ့လည်း မကြောက်ဘူး။ အကောင်းဆုံး ကစား သွားမယ်” ဟု အသက် ၁၅ နှစ်အရွယ် ရှေ့တန်း တိုက်စစ်ကစားသမား မဆောင်းသဇင်က ဆိုသည်။
ယင်းဘောလုံးပြိုင်ပွဲကို နေပြည် တော်တွင် ဒီဇင်ဘာလ ၄ ရက်နေ့မှ ၁၉ ရက်နေ့အထိ ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။