မောတောင်-သဲဖြူ-ထုံခါ ကတ္တရာလမ်း ၆၀ ရာခိုင်နှုန်းပြီးစီး

0
496

တနင်္သာရီမြို့နယ်ရှိ မောတောင်- သဲဖြူ-ထုံခါလမ်းအပိုင်းတွင် ကတ္တရာ လမ်းခင်းကျင်းမှု ၆၀ ရာခိုင်နှုန်း ခန့် ပြီးစီးနေပြီဖြစ်ကြောင်း မြိတ်အများပိုင် ကုမ္ပဏီ လမ်းစီမံကိန်း ဒါရိုက်တာ ဦးသန်းလွင်ထံမှ သိရသည်။

မောတောင်-သဲဖြူ-ထုံခါ အပိုင်း တွင် သဲဖြူမှ ထုံခါကျေးရွာအထိ ၁၉ မိုင်ကျော်နှင့် အကျယ် ၃၀ ပေကျော်ရှိ ကတ္တရာလမ်း လင်းကျင်း နေပြီး လာမည့် ဒီဇင်ဘာလတွင် ပြီးစီးမည်ဖြစ်ကြောင်း စီမံကိန်း ဒါရိုက်တာ ဦးသန်းလွင်က ပြောပြသည်။

ထို့ပြင် မောတောင်မြို့တောင်ခြေမှ နှုန်းပွား(အမှတ် ၉ ရွာ)အထိ မြေသား လမ်းများ ဖောက်လုပ်နေဆဲဖြစ်ကြောင်း အများပိုင် ကုမ္ပဏီမှ သိရသည်။
အဆိုပါ မောတောင်-သဲဖြူ – ထုံခါ လမ်း စုစုပေါင်း ၄၈ မိုင်ကျော်ကို မြိတ် အများပိုင်ကုမ္ပဏီမှ တာဝန်ယူဆောင် ရွက်နေခြင်း ဖြစ်ကာ စီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အထိ လုပ်ငန်းပြီးစီး ဆောင်ရွက်မည် ဖြစ်ကြောင်း ယင်းကုမ္ပဏီမှ သိရသည်။